
ရက်စွဲ၊ ၁၄.၂.၂၀၂၅
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့ မြို့မစည်ပင်သာယာဈေးတွင် ဘုရားပန်း အမျိုးမျိုးဖြစ်သော ဂန္ဓာမာပန်း၊ သစ္စာပန်း၊ စိန်လည်တုံ၊ နှင်းဆီ၊ မေမြို့ပန်း(အက်စတာ)၊ မြေမြို့ပန်း (ကြက်လည်ဆံ) သပြေပန်း(အောင်သပြေ)အငုတ်၊ အောင်သပြေ အခက်များနှင့် အာစီယံသပြေ တို့ကို မိမိတို့ ဒေသထွက်နှင့် မန္တလေးမြို့၊ ပြင်ဦးလွင်မြို့တို့မှ မှာယူရောင်းချကြောင်းသိရှိရပါသည်။ မိမိတို့ ဗုဒ္ဓဘာသာ လူမျိုးများအတွက် ဘုရားပန်းသည်လည်း မိမိတို့ ကိုးကွယ်ယုံကြည်အားထားရာဖြစ်သည့် ဘုရားစင်ပေါ်တွင် ကုသိုလ်ယူရန် နေ့စဉ်ကပ်လှူပူဇော်ရသည့်အတွက် မရှိမဖြစ်သော အရာတစ်မျိုး လည်းဖြစ်ပါသည်။
ယခင် ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလ(ပထမပတ်)တွင် ကန့်ဘလူမြို့ မြို့မစည်ပင်သာယာဈေး အတွင်း ဖြစ်ပေါ်နေသော ဘုရားပန်း အမျိုးမျိုး၏ ဈေးနှုန်းများမှာ သပြေပန်း အငုတ်(အသေး၊ အကြီး) အရွယ်အစားအလိုက် (၁၀၀၀/၁၅၀၀/၂၀၀၀)ကျပ် ၊ အောင်သပြေအခက် တစ်စီးလျှင်(၁၀၀၀)ကျပ် ၊ မေမြို့ပန်း(ကြက်လည်ဆံ)နှင့် မေမြို့ပန်း(အက်စတာ) တစ်စီးလျှင်(၇၀၀/၈၀၀)ကျပ် ၊ နှင်းဆီပန်း တစ်ပွင့် လျှင်(၄၀၀/၅၀၀)ကျပ် ၊ ကြယ်တာယာပန်း တစ်စီးလျှင်(၁၀၀၀)ကျပ်၊ စိန်လည်တုံပန်း တစ်စီးလျှင် (၁၀၀၀)ကျပ် နှင့် သစ္စာပန်း(၅)ခက်ပါ တစ်စီးလျှင်(၁၅၀၀)ကျပ် ဈေးနှုန်းတို့ဖြင့် ရောင်းချလျှက်ရှိခဲ့ပြီး ယခု ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလ(ဒုတိယပတ်)တွင် ကန့်ဘလူမြို့ မြို့မစည်ပင်သာယာဈေးအတွင်း ဖြစ် ပေါ်နေသော ဘုရားပန်း အမျိုးမျိုး၏ ဈေးနှုန်းများမှာ သပြေပန်း အငုတ်(အသေး၊အကြီး)အရွယ် အစား အလိုက်(၁၀၀၀/၁၅၀၀/၂၀၀၀)ကျပ်၊ အောင်သပြေအခက် တစ်စီးလျှင်(၁၀၀၀)ကျပ်၊ မေမြို့ပန်း (ကြက် လည်ဆံ) နှင့် မြေမြို့ပန်း(အက်စတာ) တစ်စီးလျှင်(၅၀၀)ကျပ်၊ နှင်းဆီပန်း တစ်ပွင့်လျှင် (၄၀၀/၅၀၀)ကျပ် ၊ ဂန္ဓမာပန်း အပွင့်ကြီး တစ်စီးလျှင်(၃၅၀၀)ကျပ် ၊ ဂန္ဓမာပန်း အပွင့်သေး (အဖြူ) တစ်စီးလျှင်(၁၀၀၀)ကျပ် ၊ ဂန္ဓမာပန်း အပွင့်သေး(အဝါ)တစ်စီးလျှင်(၁၂၀၀)ကျပ်၊ ကြယ်တာယာပန်း တစ်စီးလျှင်(၁၀၀၀)ကျပ်၊ စိန်လည်တုံပန်း တစ်စီးလျှင်(၁၀၀၀)ကျပ် နှင့် သစ္စာပန်း(၅)ခက်ပါ တစ်စီးလျှင်(၂၀၀၀)ကျပ် ဈေးနှုန်း တို့ဖြင့် ရောင်းချလျှက်ရှိသောကြောင့် ယခင် ဖေဖော်ဝါရီလ (ပထမပတ်) ဈေးနှုန်းဖြင့် နှိုင်ယှဉ်ကြည့် မည်ဆိုပါက သစ္စာပန်း ဈေးနှုန်း အနည်းငယ်မြင့်တက်လာပြီး မေမြို့ပန်း ဈေးနှုန်းများ ကျဆင်းလျက်ရှိ ကြောင်း ကန့်ဘလူမြို့ မြို့မစည်ပင်သာယာဈေးတွင် ဘုရားပန်းမျိုးစုံ ရောင်းချနေသော ပန်းသည် ထံမှ သိရှိရပါသည်။
DOCA(စစ်ကိုင်း)