Main menu

ဈေးကွက်အတွင်းအရောင်းသွက်နေသောစတော်ဘယ်ရီသီး

Powered by Drupal

           စတော်ဘယ်ရီသီးကို ရှမ်းပြည်တောင်ပိုင်း ဟိုပုံးမြို့၊ဆီဆိုင်၊ဆိုက်ခေါင်နှင့်မန္တလေးတိုင်း ပြင်ဦးလွင်မြို့နယ် တို့တွင်အများဆုံး စိုက်ပျိုးကြပြီး အခြားဒေသများတွင်လည်း တစ်နိုင် တစ်ပိုင် စီးပွားဖြစ်စိုက်ပျိုးကြပါသည်။ စတော်ဘယ်ရီသီး အမျိုးအစားများမှာ အမာသီး၊ ချိုမွှေးသီး နှင့်ထိုင်ဝမ်သီး ဟူ၍(၃)မျိုးရှိပြီး လွိုင်ကော်မြို့ သီရိ မဂႅလာယာယီဈေးတွင် အမျိုးအစား (၃)မျိုးလုံးကိုရောင်းချလျှက်ရှိပါသည်။  လွိုင်ကော်မြို့ သီရိမဂႅလာယာယီဈေးတွင် ရောင်းချလျက်ရှိသော ဈေးနှုန်းများမှာ စတော်ဘယ်ရီသီး တစ်ပိဿာလျှင် (၂၄၀၀၀)မှ(၂၈၀၀၀)ကျပ်အထိဈေးနှုန်းအစားစားရှိပြီး ယခုအချိန်တွင် ဈေးကွက်အတွင်း၌ အရောင်းသွက်နေသော သစ်သီးဝလံအမျိုးအစားထဲတွင်ပါဝင်ကြောင်း သီရိမဂႅလာယာယီ ဈေးတွင်ရောင်းချနေသော ဈေးသည်တစ်ဦးထံမှသိရှိရပါသည်။

DOCA(ကယား)