ကုန်သွယ်မှုသတင်းများ

ပဲခူးတိုင်းဒေသကြီး၊ပြည်ခရိုင်၊ မှော်ဇာကျေးရွာတွင်အုပ်စုတွင် ကျေးရွာခွဲ (၁၅)ရွာရှိပြီး ဟင်းသီးဟင်းရွက်စိုက်ပျိုးထုတ်လုပ်သည့်ကျေးရွာ (၅)ရွာရှိရာ ရာသီအလိုက်ဟင်းသီးဟင်းရွက်များ အပြင် မုန်လာဥ၊ ကြက်သွန်နီ၊ သခွားသီး၊ ပြောင်းဖူးနှင့်ဒေါနပန်း များကိုလည်း စိုက်ပျိုးထား ကြောင်းသိရှိ ရပါသည်။ စိုက်ပျိုးထွက်ရှိသည့် ရာသီအလိုက်ဟင်းသီးဟင်းရွက်များကို မှော်ဇာအုပ်စုရှိ ဟင်းသီးဟင်းရွက်အဝယ်ဒိုင် (၆)ခုသို့ သွားရောက်ရောင်းချကြပါသည်။ ဟင်းသီးဟင်းရွက် အဝယ်ဒိုင်များ မှာဟင်းသီးဟင်းရွက်စိုက်ပျိုးသောတော

ပြည်မြို့နယ်တွင် ပန်းဂေါ်ဖီစိမ်းကို ဆောင်းတွင်းကာလဖြစ်သော စက်တင်ဘာလနှင့် ဒီဇင်ဘာလတို့တွင် စိုက်ပျိုးပြီး ဇန်နဝါရီလအတွင်း စတင်ထွက်ရှိပါသည်။ ပန်းဂေါ်ဖီစိမ်းကို အောင်ဆန်းပြည်သာယာဖက်ရှိ ဥယျာဉ်ခြံမြေများတွင် စိုက်ပျိုးကြပါသည်။ သဲဆန်သောနှုန်းမြေတွင် စိုက်ပျိုးနိုင်ပြီး တစ်ဧကလျှင်မျိုးစေ့အနေဖြင့် ပေါင်ဝက်ခန့်လိုအပ်သည်ဟု သိရှိရပါသည်။ ပန်းဂေါ်ဖီစိမ်းကိုစိုက်ပျိုးပြီး ၂လခွဲ ၃လအကြာတွင် စတင်ခုတ်ယူနိုင်ပြီး အချိန်မှီမခုတ်ပါက ပန်းပွင့်မှာ အရောင်ပြောင်းသွားသည်ဟု သိရှိရပါသည်။ ပန်

ပြည်ဈေးကွက်သို့ ယခုဇန်နဝါရီလဆန်းမှစ၍ နွေပဲသီးများ စတင်ဝင်ရောက်လာပြီး ပေါ်ဦးပေါ်ဖျားမို့ ဈေးကောင်းရလျက်ရှိနေသည်။ ပြည်အနီးတစ်ဝိုက်ရှိ မှော်ဇာ၊ မထော၊ မြောင်းငယ်လှ၊ ပေါင်းတလည်၊ ဖိုးခေါင်၊ ချောင်းနားတန်း၊ မကျီးစု၊ ညောင်ပင်သာရွာများနှင့် အင်းမ၊ ပုတီးကုန်း၊ သဲကုန်းဘက်တို့မှ ဈေးကောင်းရချိန်မို့ ခူးဆွတ်ရောင်းချမှုများရှိနေပြီး ပြည်ဈေးကွက်သို့ ရက်ခြားအဝင်ရှိကာ တစ်ပတ်လျှင် ပိဿာချိန် (၂၅၀၀-၃၀၀၀)ခန့် အဝင်ရှိနေသည်။ အရောင်းအဝယ်မှာလည်း ဈေးမြင့်သော်လည်း ပေါ်ဦးပေါ်ဖျားဖြစ်သောကြောင့
