ကုန်သွယ်မှုသတင်းများ
မျှစ်ကိုဟင်းလျာအဖြစ် အမျိုးမျိုးအဖုံဖုံ ချက်ပြုတ်ကြော်လှော် စားသုံးကြပါသည်။ ကျေးလက် ဒေသများတွင် မိုးဦးကျ မျှစ်စို့များ ထွက်ချိန်၌ မျှစ်ချိုးထွက်လေ့ရှိကြပါသည်။ မျှစ်ကို အစိမ်းအတိုင်း မျှစ်ဆပ်အဖြစ် စားကြသလို အချဉ်တည်၍ မျှစ်ချဉ်အဖြစ်လည်း စားသုံးကြပါသည်။ မြန်မာနိုင်ငံ၌ ဝါးအမျိုးအပေါင်းရာကျော်ရှိသည်ဖြစ်ရာ မျှစ်ကိုစားကုန်အဖြစ်သာမက ရောင်းကုန် အဖြစ်ပါ စီးပွားဖြစ် လုပ်ကိုင်ကြကြောင်း သိရှိရပါသည်။

တောင်ငူခရိုင် အုတ်တွင်းမြို့နယ်တွင် ကြံစိုက်ဧက ၁၃၉၀ ရှိရာ ယခုအခါ ခုတ်သိမ်းနေပြီ ဖြစ်ပါသည်။ အုတ်တွင်းမြို့နယ် ဗောဓိကုန်းကျေးရွာရှိ သကြားစက်သည် ကြံစိုက်တောင်သူများ ကြံစိုက်ပျိုးရာသီတွင် စိုက်ပျိုးစရိတ် ချေးငွေများ ထုတ်ပေးသကဲ့သို့ ရရှိလာသော ကြံများကိုလည်း ဝယ်ယူပေးလျှက်ရှိပါသည်။

ပဲတောင့်ရှည်သီးကို တိုင်ထောင်ဟူ၍လည်းခေါ်ကြသည်။ မြန်မာနိုင်ငံအနှံ့အပြားတွင် စိုက်ပျိုး ကြသော အမျိုးအနွယ်လည်းဖြစ်ပါသည်။ ပဲတောင့်ရှည်တွင် အပင်ပုမျိုး(နွယ်မဲ့မျိုး)နှင့် အပင်ရှည်မျိုး (နွယ်တက်မျိုး)ဟူ၍ ခွဲခြားထားပါသည်။ အပင်ရှည်မျိုးကို တိုင်ထောင်၍စိုက်ပျိုးကြသည်။ အတောင့် အရောင်အားဖြင့် အစိမ်းနု၊ အစိမ်းရင့်၊ အနီရောင်ဟူ၍အမျိုးကွဲပြားစွာရှိပါသည်။ အစေ့အရောင်မှာ မျိုးအလိုက် အနီရောင်ပြောင်၊ အနီရောင်နှင့် အပြာရောင်ရောနှောနေသော အရောင်ဟူ၍အမျိုးမျိုး ကွဲပြားစွာရှိပါသည်။ ပဲတောင

မြန်မာနိုင်ငံနေရာအနှံ့အပြားတွင် ဆီးပင်များကို တွေ့မြင်နိုင်ပါသည်။ အထူးတဖြင့် ခြောက်သွေ့သော မန္တလေး၊ မကွေးနှင့်စကိုင်းနယ်ပယ်များတွင် ဆီးပင်ပိုပေါများသည်။ ၎င်းဆီးပင်များသည် စိုက်ပျိုးရသော အပင်များမဟုတ်ဘဲ အလေ့ကျပေါက်သော အပင်များဖြစ်သည်။ ဆီးသီးသည် ရာသီစာဖြစ်၍ တစ်နှစ်ပတ်လုံး စားခွင့်မရှိပဲ နှစ်တစ်နှစ်တွင် တစ်ခါသာစားသုံးခွင့်ရှိသော သီးနှံတစ်မျိုးလည်း ဖြစ်သည်။ ဆီးသီးမှာ ဆီးချိုသီး၊ ဆီးချဉ်သီး၊ ဆီးပန်းသီး၊ စလေဆီးသီး၊ ဆီးကြက်ဥဟူ၍ အမျိုးမျိုးရှိသည်။ ဆီးသီးကို ဆီးယို၊ ဆီး

ကရင်ပြည်နယ်၊ ဘားအံမြို့ပေါ်ရှိ ဈေးကွက်အတွင်းသံပရာသီးများ ဈေးကောင်းရလျက် ရှိကြောင်း သိရသည်။ သံပရာသီးကို ဘားအံမြို့အနီးတဝိုက်ကျေးရွာများတွင် စီးပွားဖြစ်စိုက်ပျိုး ကြသည်။ ဘားအံမြို့ဈေးကွက်အတွင်း ဝင်ရောက်လာသော သံပရာသီးဈေးများမှာ ဘားအံမြို့ အနီးကျေးရွာများနှင့် ကြာအင်းဆိပ်ကြီး၊ မော်လမြိုင်၊ ရေးမြို့နှင့်ထိုင်းတို့ ဘက်မှဖြစ်သည်။ မြန်မာ သံပရာသီး အိတ်ကြီးတစ်အိတ်လျှင် (၃၀၀၀၀၀၊၄၀၀၀၀၀)ကျပ်ဖြစ်ပြီး တစ်အိတ်တွင်အလုံးရေ ၁၅၀၀မှ၁၇၀၀ထိ ပါသည်။ သံပရာသီးအလုံးကြီး တစ်လုံးလျှင်(၅၀၀)ကျပ်
