ကုန်သွယ်မှုသတင်းများ
သခွားမျိုးများမှာ မိုးသခွားနှင့် ဆောင်းသခွားဟူ၍ အုပ်စု(၂)မျိုးရှိပါသည်။ အစိမ်းစားသီးနှင့် အမှည့်စားသီးဟူ၍လည်းရှိပါသည်။ သခွားပင်များသည် မိုးတွင်းကာလတွင် ရေလောင်းပေးရန် မလိုသော်လည်း ဆောင်းတွင်းကာလတွင် ရေကို တစ်နေ့ (၂)ကြိမ် ရေလောင်းပေးရပါသည်။ သခွားသီးပင်များအား မြန်မာနိုင်ငံဒေသအနှံ့အပြားတွင် စိုက်ပျိုးလျှင် ဖြစ်ထွန်းပါသည်။ ပြည်မြို့နယ်အနေဖြင့် ကျေးလက်ဒေသဖြစ်သော မှော်ဇာရွာနှင့် ရွှေတောင်မြို့နယ်အတွင်းရှိ ကွမ်းညှပ်စင်ရွာ၊ မင်းတဲကျွန်း၊ စစ်ကိုင်းကျွန်း စသည့် ကျေးလက်ဒေသမ

ဆလပ်ရွက်ထုတ်ကို ဒေသမရွေးစိုက်ပျိုး၍ရနိုင်ပါသည်။ အထုတ်မျိုးနှင့် အရွက်ပြန့်မျိုးဟူ၍ (၂)မျိုးရှိပါသည်။ ဆလပ်ရွက်အရောင်မှာ အစိမ်းရောင်နှင့် အနီရောင်ဟူ၍ ရှိပါသည်။ ဆလပ်ရွက်၏ အရသာမှာ ခါးသက်သက်အရသာရှိပါသည်။ ဆလပ်ရွက်ကို စိုက်ပျိုးရာတွင် မျိုးစေ့အား အပင်ပေါက်ဖြစ်အောင် ပျိုးထောင်ပြီးမှ စိုက်ပျိုးခြင်း၊ မျိုးစေ့များအား တိုက်ရိုက်စိုက်ပျိုးစနစ်ဖြင့် စိုက်ပျိုးနည်းဖြင့်လည်း စိုက်ပျိုး၍ရနိုင်ပါသည်။

ယခုတစ်ပတ် ပြည်ဈေးကွက်အတွင်း မရမ်းသီးများ စတင်ထွက်ရှိပြီး အရောင်းအဝယ်ရှိနေ ကြောင်းသိရပါသည်။ ပြည်အနီးတစ်ဝိုက်ရှိ ရွာများမှ ဥယျာဉ်ခြံများမှ စတင်ခူးဆွတ်ရောင်းချကြ၍ ယခင်နှစ်၌ စတင်ထွက်ရှိချိန်မှစပြီး အပင်၌ မရမ်းသီး အသီးတုံးချိန်အထိ ဝင်ငွေမှာ (၁၅၀၀၀၀၀)ကျပ်နှင့် (၁၅၀၀၀၀၀)ကျပ်အထက် ရှိကြောင်းသိရပါသည်။ မရမ်းသီးများသီးတွင် မရမ်းချိုသီးနှင့် မရမ်းချဉ်သီးပင်ဟူ၍ အမျိုးအစား(၂)မျိုးရှိရာ နှစ်စဉ်ဈေးကွက်ဝယ်လိုအားရှိသော သီးနှံအမျိုးအစားဖြစ်၍ ထိုလုပ်ငန်းရှင်များမှ နှစ်စဉ် အပင်ပြတ်ဝယ်ယ

ပြည်ဈေးကွက်၌ ဗမာခရမ်းချဉ်သီးများ ယခုဇန်နဝါရီလဆန်းပိုင်းမှစ၍ ဈေးနှုန်းများ ကျဆင်းလျက်ရှိပြီး ယခင်နိုဝင်ဘာလဆန်းတွင် ဗမာခရမ်းချဉ်သီး တစ်ပိဿာလျှင် ကျပ်(၉၀၀၀)နှုန်း ရှိခဲ့ရာမှ တဖြည်းဖြည်းကျဆင်းလာကြောင်းသိရသည်။ ဝင်ရောက်မှုအားဖြင့် ပြည်မြို့ဒေသအနီး တစ်ဝိုက်နှင့် ပြည်မြို့အနောက်ဘက်ကမ်းရှိရွာများ၊ ရွှေတောင်မြို့၊ အင်းမ၊ သဲကုန်းမြို့တို့မှ နေ့စဉ်အဝင်ရှိနေပြီး တစ်ပတ်လျှင် ပိဿာချိန် (၅၀၀၀)နှုန်းခန့် အဝင်ရှိနေသည်။ အရောင်း အဝယ်အနေဖြင့် ဝင်ရောက်မှုရဲ့အားလုံးနီးပါးခန့် အရောင်းအဝယ

ယခုဇန်နဝါရီလဆန်းပိုင်းတွင် ပြည်ဈေးကွက်၌ နံနံပင်ဈေးနှုန်းများကျဆင်းလျက်ရှိပြီး ယခင် စက်တင်ဘာလတွင် ၁၀ပင်စည်းတစ်စည်းလျှင် ကျပ်(၃၀၀)နှုန်းထိရှိခဲ့ရာမှ တဖြည်းဖြည်း ကျဆင်း လာကြောင်းသိရပါသည်။ ပြည်ဈေးကွက်သို့ ပြည်မြို့အနီတစ်ဝိုက်ဖြစ်သော မှော်ဇာ၊ ဇီးအုပ်၊ တောင်လုံးညိုရွာများနှင့် ဝက်ထီးကန်မြို့၊ ရွှေတောင်မြို့၊ ပုတီးကုန်း၊ ဝက်ပုတ်နယ်များမှ ကားလမ်း ကြောင်း၊ ရထားလမ်းကြောင်းတို့မှ တစ်ပိဿာအထုံးရှိသော အစည်း (၄၀၀-၅၀၀)ခန့် ရက်ခြားအဝင် ရှိနေသည်။ ဈေးနှုန်းအနေဖြင့် ယခုကာလတွင် ၁၀ပင်စ
