ကုန်သွယ်မှုသတင်းများ
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့နယ်အတွင်းရှိ ကျေးရွာများနှင့် မြို့ပေါ် ရပ်ကွက်များနှင့် ဒေသအသီးသီးမှ လာရောက်ရောင်းချကြပြီး မန္တလေးမြို့မှလည်း မှာယူရောင်းချသည့်အတွက် ဈေးကွက်အတွင်း လှိုင်လှိုင်ပေါများကာ ဈေးနှုန်းချိုသာ၍ အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သိရသည်။

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့နယ်အတွင်းရှိ ကျေးရွာများဖြစ်သည့် ကာဘိုး၊ ဇီးကုန်း၊ ထန်းကုန်း ကျေးရွာများတွင် ဂေါ်ဖီထုတ်(မုံလာထုတ်)ကို စိုက်ပျိုးကာ လှိုင်လှိုင်ထွက်ရှိပြီး ကန့်ဘလူမြို့နှင့် ကျွန်းလှမြို့ ဈေကွက်အတွင်းသို့ ပို့ဆောင်ရောင်းချလျက်ရှိကြောင်း သိရသည်။ ကန့်ဘလူမြို့မြို့မဈေးတွင် စားဝတ်နေရေးအတွက် ကုန်စိမ်းရောင်းချနေသူများသည် ဂေါ်ဖီထုတ် (မုံလာထုတ်)များကို ယခင်လများတွင် မန္တလေးမြို့ နှင့် ရှမ်းပြည်နယ်တို့မှ မှာယူရောင်းချရပြီး ယခု ဆောင်းပိုင

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့နယ်အတွင်းရှိ ကျေးရွာများတွင် ခါကြက်ဥ (ဗမာ)မျိုးကို တစ်ပိုင်တစ်နိုင် မိသားစုအိမ်ခြံမြေများတွင်သာ စိုက်ပျိုးကြပြီး မိမိတို့ဒေသတွင်း ကျေးရွာများနှင့် ကန့်ဘလူမြို့၊ ကျွန်းလှမြို့ ဈေကွက်အတွင်းသို့ ပို့ဆောင်ရောင်းချကြပါသည်။

ပဲခူးတိုင်းဒေသကြီး (အနောက်) ၊ ပေါင်းတည်မြို့နယ် စားသုံးသူရေးရာ ဦးစီးဌာနမှ ဝန်ထမ်းများသည် ပေါင်းတည်မြို့နယ် ဘိုကုန်းကျေးရွာသို့ သွားရောက်၍ ခရမ်းချဉ်သီး (မြေပုံသီး) စိုက်ပျိုးသူတောင်သူနှင့် သွားရောက်တွေ့ဆုံမေးမြန်းခဲ့ရာတောင်သူမှ ခရမ်းချဉ်သီး စိုက်ပျိူးရာတွင် တစ်ကျိုးလျှင် မျိုးစေ့ထုပ် (၂) ထုပ်ခန့် စိုက်ပျိုးရပြီး တစ်ထုပ်လျှင် (၁၅၀၀၀) ကျပ်ခန့် ပေးရကြောင်း (မျိုး၊ ဆေးဖိုး ၊ အလုပ်သမားခ ) စုစုပေါင်းအလုပ်သမားခမှာ (၁၅၀၀၀၀)ဝန်းကျင်ခန့် ကုန်ကျပါကြောင်း စိုက်ပျိုးပြီးသည်မှစ၍ ခူးဆွတ်ချ

ပဲခူးတိုင်းဒေသကြီးအနောက် နတ်တလင်းခရိုင် ၊ နတ်တလင်းမြို့သီးနှံဒိုင်များတွင် ရောင်းချ နေသော သံပုရာသီး ဈေးနှုန်းများမှာ ၂၀၂၅ခု ဇန်နဝါရီလ ပထမပတ်တွင် သံပုရာသီးတစ်လုံး (၂၅) ကျပ်နှုန်း သိရပြီး ၊ ဇန်နဝါရီလ ဒုတိယပတ်တွင် သံပုရာသီး တစ်လုံး (၃၀) ကျပ်နှုန်းဖြင့် ဈေးနှုန်းများမြင့်တက် လာကြောင်းသိရှိရပါသည်။ ယခုအချိန် ရာသီချိန် ဖြစ်သောကြောင့် သံပုရာသီး များသည် အနည်းငယ် ပေါများပါသည်။
