ကုန်သွယ်မှုသတင်းများ
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ သစ်သီးမျိုးစုံဖြစ်သည့် နာနတ်သီး၊ နဂါးမောက်သီး၊ သရက်သီး၊ ငှက်ပျောသီး၊ လိမ္မော်သီး၊ စပျစ်သီး၊ သခွားမွှေးသီး၊ ပန်းသီး၊ ပန်းသစ်တော်သီး၊ ဇီးချိုသီး၊ ပဲစိမ်းစားဥ နှင့် ဖရဲသီးများကို မန္တလေးမြို့မှ မှာယူရောင်းချလျက်ရှိကြောင်း သိရသည်။

ပဲမြစ်သည် ပဲစောင်းလျားသီးပင်ရဲ့ အမြစ်ဖြစ်ပြီး ပဲမြစ်ပြုတ်သည် ကျန်းမာရေးအတွက်ကောင်းမွန်၍ စားသုံးသင့်သော ရာသီစာတစ်မျိုးဖြစ်ပါသည်။ ကယ်စီယမ်ဓာတ် များစွာပါဝင်တာကြောင့် အရိုးပွရောဂါမဖြစ်အောင် ကာကွယ်ပေးပါသည်။ ဆီးချိုလျော့ကျစေခြင်း၊ ခေါင်းကိုက်ခြင်း၊ ခေါင်းတစ်ခြမ်းကိုက်ခြင်းနှင့် အာရုံကြောဆိုင်ရာ ရောဂါများနှင့် အထူးသင့်လျောပါသည်။ ကိုယ်ခံအားစနစ်ကောင်းမွန် စေပြီး ပရိုတင်းဓာတ်များစွားပါဝင်၍ ခန္တာကိုယ်ကြွက်သားများ သန်မာစေပါသည်။

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့ မြို့မစည်ပင်သာယာဈေးတွင် ဘုရားပန်းအမျိုးမျိုးဖြစ်သော ဂန္ဓာမာပန်း၊ သစ္စာပန်း၊ ဂေါ်သဇင်ပန်း၊ သပြေပန်း(အောင်သပြေ)နှင့် အာစီယံသပြေတို့ကို မိမိတို့ဒေသထွက်နှင့် မန္တလေးမြို့၊ ပြင်ဦးလွင်မြို့တို့မှ မှာယူရောင်းချကြောင်းသိရှိရပါသည်။

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့နယ်အတွင်း မွေးမြူးရေးကြက်နှင့် ဗမာ ကြက်ဟူ၍ နှစ်မျိုးရောင်းချရာ မွေးမြူရေးကြက် အကောင်အရှင်များကို ဒေသတွင်းနှင့် ရွှေဘိုမြို့တို့မှ ဖောက်သည်ဈေး တစ်ပိဿာလျှင်(၁၇၀၀၀)ကျပ်နှင့် ဗမာကြက် တစ်ပိဿာလျှင်(၂၅၀၀၀)ကျပ်တို့ဖြင့် ဝယ်ယူရပြီး စားသုံးသူပြည်သူများထံသို့ ရောင်းချသည့် ဇန်နဝါရီလ ဒုတိယပတ်၏ ကြက်သား ဈေးနှုန်းများအနေဖြင့် တစ်ပိဿာလျှင် မွေးမြူရေးကြက်သား ဈေးနှုန်း လက်လီဈေး (၂၂၀၀၀)ကျပ်၊ လက္ကားဈေး(၂၀၀၀၀)ကျပ်၊ ဗမာကြက်သား ဈေးနှ

၂၀၂၅ခုနှစ်၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့မြို့မ စည်ပင်သာယာဈေးကွက် အတွင်း ကြက်သွန်ဖြူကို ရှမ်းပြည်နယ် အောင်ပန်းမြို့နှင့် မန္တလေးတိုင်းဒေသကြီးမှ အများဆုံး မှာယူ ရောင်းချလျက်ရှိကြောင်း သိရှိရပါသည်။
