Main menu

မြင်းခြံခရိုင်၏ ပဲပုတ်စိုက်ပျိုးမှုအခြေအနေ

Powered by Drupal

          မြင်ခြံခရိုင်၏ ၂၀၂၄-၂၀၂၅ ခုနှစ် ပဲပုတ်စိုက်ပျိုးပြီးစီးမှု အခြေအနေမှာ ယနေ့ထိ(၆၂၀၀)ဧက စိုက်ပျိုးပြီးဖြစ်ကြောင်း သိရှိရပါသည်။ မြင်းခြံမြို့နယ်တွင် (၆၂၀၀)ဧက၊ စိုက်ပျိုးခဲ့ပြီး၊ တောင်သာ မြို့နယ်နှင့်နွားထိုးကြီးမြို့နယ်တွင် စိုက်ပျိုးမှုမရှိကြောင်း သိရပါသည်။ ပဲပုတ်သီးနှံကို ဩဂုတ်လ၊ စက်တင်ဘာလတို့တွင် စတင်စိုက်ပျိုးကြပြီး ရိတ်သိမ်းမှုမှာ မတ်လ၊ ဧပြီလတို့တွင် ရိတ်သိမ်းကြ ကြောင်းသိရပါသည်။ ပဲပုတ်စိုက်ပျိုးရာတွင် ပဲပုတ်မျိုးကို တောင်သူများမှ ကိုယ့်မျိုးကိုယ်ထား စနစ်ဖြင့်လည်းကောင်း ၊ တောင်သူအချင်းချင်း မျိုးဖလှယ်၍သော်လည်းကောင်း စိုက်ပျိုးကြသဖြင့် မျိုးထပ်မံလိုအပ်ချက်မရှိကြောင်း သိရပါသည်။ ပဲပုတ်သီးနှံသည် စိုက်ပျိုးသောမျိုးပေါ်မူတည်၍ စိုက်ပျိုးပြီးရက်ပေါင်း(၅၀-၁၄၅) အတွင်းရင့်မှည့်ကြပြီး ရိတ်သိမ်းချိန်တွင် အစေ့အစိုဓာတ်မှာ(၁၅) ရာခိုင်နှုန်းရှိသင့်ကြောင်း၊ ရိတ်သိမ်းပြီးအပင်များကို တလင်းတွင်(၃-၄)ကြိမ် နေလှန်းအခြောက်ခံ ရပြီး မျိုးထားလိုပါက အစိုဓာတ်(၉.၁၀)ရာခိုင်နှုန်းကြား သိမ်းဆည်းရကြောင်း သိရပါသည်။ ယခင်နှစ် မြင်းခြံခရိုင်၏ ပဲပုတ်စိုက်ပျိုးမှုမှာ (၆၂၀၁)ဧက စိုက်ပျိုးခဲ့ပြီး တစ်ဧကအထွက်နှုန်းမှာ(၁၂)တင်းနှုန်း ဖြင့် တင်းပေါင်း (၇၄၄၁၂)တင်း ထွက်ရှိခဲ့ပါသည်။ ယခုနှစ် စိုက်ပျိုးမှုများမှ လက်ရှိမြို့နယ်အလိုက် ရိတ်သိမ်းပြီးစီးမှုအနေဖြင့် မြင်းခြံမြို့နယ်တွင် (၆၂၀၀)ဧက၊ တစ်ဧကပျမ်းမျှအထွက်နှုန်းမှာ(၁၂.၀၀) တင်းနှုန်းဖြင့် အထွက်တင်းစုစုပေါင်း(၇၄၄၀၀)တင်း ထွက်ရှိခဲ့ကြောင်း သိရှိရပါသည်။ ပဲပုတ်ကို စားသောက်မှုပုံစံအနေဖြင့် နေ့စဉ်အစားအစာဖြစ်လည်းအသုံးပြုသလို ပဲပုတ်ကို ပဲပုတ်ခြောက် အဖြစ်လည်း စားသုံးမှုရှိပြီး ဈေးနှုန်းများမှာ ပဲပုတ်တစ်ပိဿာလျှင် (၈၀၀၀)ကျပ်ရှိကြောင်း သိရှိရ ပါသည်။ ပဲပုတ်ကို မုန့်ပဲသွားရေစာအဖြစ် ကောက်ညှင်းပဲပုတ်၊ ပဲပုတ်စေ့လျှော် စသည်ဖြင့်လည်း ထုတ်လုပ်စားသုံးမှုရှိကြောင်း လုပ်ငန်းရှင်တစ်ဦး၏ ပြောကြားမှုအရ သိရှိရပါသည်။

DOCA(မန္တလေး)