ကုန်သွယ်မှုသတင်းများ
ပဲခူးတိုင်းဒေသကြီးအနောက် နတ်တလင်းခရိုင် ၊ နတ်တလင်းမြို့သီးနှံဒိုင်များတွင် ရောင်းချ နေသော သံပုရာသီး ဈေးနှုန်းများမှာ ၂၀၂၅ခု ဇန်နဝါရီလ ပထမပတ်တွင် သံပုရာသီးတစ်လုံး (၂၅) ကျပ်နှုန်း သိရပြီး ၊ ဇန်နဝါရီလ ဒုတိယပတ်တွင် သံပုရာသီး တစ်လုံး (၃၀) ကျပ်နှုန်းဖြင့် ဈေးနှုန်းများမြင့်တက် လာကြောင်းသိရှိရပါသည်။ ယခုအချိန် ရာသီချိန် ဖြစ်သောကြောင့် သံပုရာသီး များသည် အနည်းငယ် ပေါများပါသည်။

ပဲခူးတိုင်းဒေသကြီး (အနောက်) ၊ နတ်တလင်းခရိုင်၊ ပေါင်းတည်မြို့နယ် အတွင်းတွင် ကွမ်းရွက် စိုက်ပျိုးခြင်းဖြင့် တောင်သူများ တစ်နှစ်ပတ်လုံးဝင်ငွေများ ရရှိနေကြောင်း သိရပါသည်။ ကွမ်းရွက်ကို ပေါင်းတည်မြို့နယ် အတွင်းရှိ ဖားယားကြီးကျေးရွာ၊ ကျွဲတဲကြီးကျေးရွာ၊ ရှားစေးဘို ကျေးရွာ၊ လက်ပံပါးပျဉ်းကျေးရွာ၊ မဲခေါင်းကျေးရွာ၊ ကျွန်းတောလှကျေးရွာ၊ ဝက်မြေလူးကျေးရွာ၊ လယ်ဦးစုကျေးရွာ၊ ဧကရာဇ်ကုန်း ကျေးရွာနှင့် အခြားကျေးရွာများတွင်လည်း စီးပွားဖြစ် တစ်ပိုင်တစ်နိုင် စိုက်ပျိုးကြပါသည်။

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ လက်ပံတန်းမြို့နယ်တွင်စားသုံးသူရေးရာဦးစီးဌာနမှ အပတ်စဉ်အင်္ဂါနေ့တိုင်း အိမ်ဆောက်ပစ္စည်းရောင်းဝယ်လျက်ရှိသော ဆိုင်များသို့ဘိလပ်မြေဈေးနှုန်း ဈေးကွက်အခြေအနေသိရှိစေရန် စားသုံးသူရေးရာဦးစီးဌာနခရိုင်ဦးစီးမှူးဦးသန်းစိုး၊လက်ပံတန်းမြို့ နယ်တာဝန်ခံနှင့်ဝန်ထန်းများသည် ဘိလပ်မြေဈေးနှုန်းမှန်ကန်စွာရောင်းချခြင်းရှိ/မရှိပစ္စည်းပြတ် လပ်မှုရှိ/မရှိ သိရှိစေရန်ဈေးကွက်စောင့်ကြည့်ခဲ့ပါသည်။ဘိလပ်မြေဈေးနှုန်းများမှာ အပါချီတစ်အိတ် လျှင် (၂၀၀၀၀) ကျပ်၊အယ်ဖာတစ်အိတ်လ

ပဲခူးတိုင်းဒေသကြီးသာယာဝတီခရိုင် အတွင်းမြို့နယ်များဖြစ်သော သယာဝတီမြို့နယ်၊ လက်ပံတန်းမြို့နယ်၊မင်းလှမြို့နယ်၊မိုးညိုမြို့နယ်၊အုတ်ဖိုမြို့နယ်၊ကြို့ပင်ကောက်မြို့နယ်များတွင်ပဲမျိုးစုံသီးနှံများနှင့် ဆီထွက်သီးနှံများ၏ ၂၀၂၄ ခုနှစ်ဒီဇင်ဘာလကုန်အထိသာယာဝတီခရိုင်မြေစာရင်း

၂၀၂၄ ခုနှစ်၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့မြို့မ စည်ပင်သာယာဈေးကွက်အတွင်းသို့ ဒေသထွက်ခရမ်းချဉ်သီးများနှင့်ရှမ်းပြည်နယ် အောင်ပန်းတို့မှထွက်ရှိသော ခရမ်းချဉ်သီးများကို မှာယူရောင်းချကြသော်လည်း ယခုအခါတွင် ခရမ်းချဉ်သီးများလှိုင်လှိုင်ပေါများခြင်းနှင့် ဈေးနှုန်းသက်သာခြင်းတို့ကြောင့် ဒေသထွက်ခရမ်းချဉ်သီးများကိုသာ ဝယ်ယူရောင်းချလျက်ရှိကြောင်း သိရှိရသည်။
