
ထန်းသီး (Ice Apple)ကိုမြိတ်မြို့၊ဘုရားကိုင်လမ်းမတန်းနှင့် ကန်ကြီးရပ်ဘုရားကြီး တန်းလမ်းမတွင် အရောင်းသွက်လျက်ရှိသည်။ကျန်းမာရေးအတွက်များစွာ အထောက်အကူ ဖြစ်စေသည့်အပြင် ငှက်ပျောသီးနှင့်စားသုံးရန် မသင့်တော်သောအသီးတစ်မျိုးဖြစ်သည်။ မိတ် ပေါ်တွင်ထန်းသီးဆံကို ကပ်ပေးခြင်းဖြင့်မိတ်ရောဂါကို သက်သာစေသည်။ တပို့တွဲလနှင့်တပေါင်းလတွင် စတင်သီးချိန်ဖြစ်ပြီး တန်ခူးလတွင်ကွဲချိန်ဖြစ်သည်ဟုသိရသည်။ထန်းသီးဆံ ၃ခုမှ ၄ခုအထိပါရှိပြီး အရည်ရွှမ်း၍ချိုမွှေးသော အရသာရှိသည်။
ယခင်မတ်လ၌ မြိတ်မြို့နယ်အတွင်း ထန်းသီးတစ်လုံးဈေးနှုန်းမှာ (၁၅၀၀)ကျပ်မှ (၁၈၀၀)ကျပ်ဖြစ်ပြီး ယခုဧပြီလပထမပတ်တွင် (၂၀၀၀)ကျပ်မှ(၂၅၀၀)ကျပ်အထိစျေးတက်လာကြောင်းရောင်းချသူထံမှ သိရှိရပါသည်။
DOCA(တနင်္သာရီ)