ကုန်သွယ်မှုသတင်းများ
ထားဝယ်မြို့နယ် အိမ်ရှေ့ပြင်ကျေးရွာနှင့် အခြားကျေးရွာများတွင် ပန်းဂေါ်ဖီများ စိုက်ပျိုးထားလျက်ရှိပြီး နိုဝင်ဘာလဆန်းတွင် စတင်စိုက်ပျိုးကြောင်း သိရပါသည်။ ထွက်ရှိလာသော ပန်းဂေါ်ဖီပွင့်များကို ဟင်းသီးဟင်းရွက်ဈေးသည်များက သွားရောက်ဝယ်ယူကြပြီး ထားဝယ်မြို့ ကမ်းနားပျံကျဈေး၊ စည်ပင်သာယာဈေးကြီးနှင့် ရပ်ကွက်ဈေးငယ်များတွင် သွားရောက်ရောင်းချကြပါသည်။

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့တွင် ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ ပထမအပတ်အတွင်း အခြေခံစားကုန်စျေးနှုန်းအများစုမှာ စျေးနှုန်းတည်ငြိမ်လျက်ရှိပါသည်။ ယခင် ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ ပထမအပတ်အတွင်း အခြေခံစားကုန်စျေးနှုန်းများနှင့်နှိုင်းယှဥ်ပါက စားအုန်းဆီတစ်ပိဿာလျှင် (၈၁၀၀)ကျပ်မှ (၈၄၀၀) ကျပ်၊ ငရုတ်ခြောက် တစ်ပိဿာလျှင် (၁၇၀၀၀)ကျပ်မှ (၁၈၀၀၀)ကျပ်၊ သကြားတစ်ပိဿာလျှင် (၅၅၀၀)ကျပ်မှ (၅၈၀၀)ကျပ်အထိ စျေးနှုန်းအနည်းငယ်သာတက်လျက်ရှိပြီး ထားဝယ်မြို့စျေးကွက်အတွင်း ရန်ကုန်ပွဲရုံများမှ ကြက်သွန်

G7 အဖွဲ့ဝင်နိုင်ငံများဖြစ်သော ကနေဒါနိုင်ငံနှင့် ဂျပန်နိုင်ငံတို့သည် ၂၀၂၄ ခုနှစ် ကမ္ဘောဒီးယားနိုင်ငံ၏ ပဉ္စမနှင့်ဆဋ္ဌမမြောက် အကြီးဆုံးကုန်သွယ်ဖက်များဖြစ်လာစေရန် လမ်းကြောင်းပေါ်တွင်ရှိနေကြောင်း အကောက်ခွန်နှင့်အခွန်ကြီးကြပ်မှုဦးစီးဌာန (GDCE) ၏ မကြာသေးမီကထုတ်ပြန်ခဲ့သော အချက်အလက်များအရသိရသည်။ ၂၀၂၄ ခုနှစ်အတွင်း မှတ်တမ်းများအရ ထိုနှစ်နိုင်ငံနှင့်ကမ္ဘောဒီးယားတို့အကြား အပြန်အလှန်ကုန်သွယ်မှုသည် ၂၀၂၃ ခုနှစ် ကုန်သွယ်မှုကိန်းကဏန်းများထက် သိသိသာသာတိုးတက်လာခဲ့ကြောင်း အစီရင်ခံစ

ကမ္ဘောဒီးယားနိုင်ငံ၊ Siem Reap ပြည်နယ်အခြေစိုက် ငါးလုပ်ငန်းလုပ်ကိုင်သည့် Home Taste Food Enterprise သည် ၎င်းတို့၏ ပြုပြင်ထားသောငါးထွက်ကုန်များကို ဩစတြေးလျ နိုင်ငံသို့တင်ပို့ခဲ့ပြီး ပြည်ပဈေးကွက်တွင် ဝယ်လိုအားတိုးပွားလာမှုကိုဖြည့်ဆည်းပေးခဲ့သည်။ တင်ပို့ရောင်းချသူများသည် ကုမ္ပဏီ၏နိုင်ငံတကာလက်လှမ်းမီမှုကိုချဲ့ထွင်ရန်နှင့် ဩစတြေးလျ တွင် အရည်အသွေးမြင့်ငါးထွက်ကုန်များဝယ်လိုအားကို ဖြည့်ဆည်းရန်ကုမ္ပဏီ၏ ကတိကဝတ် ကိုပြသခဲ့ပြီး လုပ်ငန်းအတွက်သိသာထင်ရှားသောလှုပ်ရှားမှုတစ်ရပ်ဖြ

ကမ္ဘောဒီးယားနိုင်ငံနှင့်တောင်ကိုရီးယားနိုင်ငံတို့အကြား ကုန်သွယ်မှုပမာဏသည် ၂၀၂၄ ခုနှစ်အတွင်း အမေရိကန်ဒေါ်လာ ၇၆၂ သန်းအထိရောက်ရှိခဲ့ပြီး ၂၀၂၃ ခုနှစ်နှင့်နှိုင်းယှဉ်ပါက ၁၁.၄၉ ရာခိုင်နှုန်းတိုးတက်လာခဲ့သည်။ ကမ္ဘောဒီးယားနိုင်ငံသည် ပို့ကုန်စုစုပေါင်း ကန်ဒေါ်လာ ၂၈၈ သန်းရှိခဲ့ပြီး ၁၃.၇၇ ရာခိုင်နှုန်းမြင့်တက်ခဲ့ကြောင်း စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနမှ ထုတ်ပြန်ခဲ့သည်။ တောင်ကိုရီးယားနိုင်ငံတွင်ကျင်းပပြုလုပ်သည် CKFTA ပူးတွဲ ကော်မတီ အစည်းအဝေးတွင် နှစ်နိုင်ငံအက
