
စားသုံးသူရေးရာဦးစီးဌာန၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူမြို့နယ်အနေဖြင့် ဒေသတွင်း စိုက်ပျိုးထွက်ရှိသည့် သီးနှံဈေးနှုန်းများ၊ ရာသီပေါ်အစားအစာများ၏ ဈေးနှုန်း၊ဈေးကွက်အခြေအနေတို့အား ရေးသားတင်ပြလျက်ရှိရာ ယခုအခါ ကန့်ဘလူမြို့ပေါ်ရှိ ကုန်စုံဆိုင်များတွင် ရောင်းချလျက်ရှိသည့် ထန်းလျက်များကို ရွှေဘိုမြို့လက္ကားဆိုင်များမှ ဝယ်ယူရောင်းချကြောင်း သိရသည်။
၂၀၂၅ ခုနှစ်၊ မေလ ဒုတိယပတ်တွင် ရောင်းချနေသော ထန်းလျက်ဈေးနှုန်းမှာ ကြက်မင်းကြီး ထန်းလျက်(၁)ပိဿာလျှင် (၈၅၀၀)ကျပ်၊ ဝါးတောထန်းလျက်(၁)ပိဿာလျှင် (၉၀၀၀)ကျပ်၊ နို့ထန်းလျက်တစ်ပိဿာလျှင် (၇၀၀၀)ကျပ်ဖြင့် ရောင်းချလျက်ရှိကြောင်း၊ ထန်းလျက်သည် ထန်းပင်မှ ရရှိသည့် တန်ဖိုးမြင့်ထုတ်ကုန်တစ်ခုဖြစ်ပြီး ထန်းလျက်ကို အစားအသောက်များ၌ ထည့်သွင်းအသုံး ပြုကြကြောင်း လုပ်ငန်းရှင်များထံမှ သိရသည်။
DOCA(စစ်ကိုင်း)