Main menu

ကုန်သွယ်မှုသတင်းများ

Powered by Drupal
14 Jan 2025

             ၂၀၂၄ ခုနှစ်အတွင်း အာဖဂန်နစ္စတန်၏ စုစုပေါင်း ကုန်သွယ်မှုပမာဏသည် အမေရိကန် ဒေါ်လာ ၁၂ ဘီလီယံကျော်ရှိပြီး တစ်နှစ်ထက်တစ်နှစ် သွင်းကုန် ၃၈% တိုးလာပြီး ပို့ကုန် ၄% လျော့ကျသွားကြောင်း အာဖဂန်နစ္စတန်နိုင်ငံ၏ ကူးသန်းရောင်းဝယ်ရေးနှင့် စက်မှုလက်မှု လုပ်ငန်းဝန်ကြီးဌာန၏ ပြောကြာချက်အရသိရသည်။ အာဖဂန်နစ္စတန်၏ ကုန်ပစ္စည်း စုစုပေါင်း ကုန်သွယ်မှုပမာဏသည် ၂၀၂၄ ခုနစ်တွင် ဒေါ်လာ ၁၂.၄၂ ဘီလီယံရှိပြီး နိုင်ငံ၏ပို့ကုန်ပမာမှာ ဒေါ်လာ ၁.၈ ဘီလီယံခန့်ရှိပြီး သွင်းကုန်ပမာဏမှာ ဒေါ်လာ ၁၀.၆ ဘီလီယံခန့

14 Jan 2025

မန္တလေးတိုင်းဒေသကြီး၊   တံတားဦးခရိုင်၊မြင်းခြံခရိုင်၊ကျောက်ဆည်ခရိုင်၊ မိတ္ထီလာခရိုင်၊ ညောင်ဦးခရိုင်၊ ရမည်းသင်းခရိုင်၊ သပိတ်ကျင်းခရိုင်တို့တွင် ပဲစဉ်းငုံသီးနှံကိုအဓိကထား စိုက်ပျိုး လျက်ရှိသည်။ ညောင်ဦးခရိုင်၊ ကျောက်ပန်းတောင်းမြို့နယ်တွင် အများဆုံးစိုက်ပျိုးပြီး၊ မြင်းခြံခရိုင်၊ နွားထိုးကြီးမြို့နယ်တွင် ဒုတိယအများဆုံး စိုက်ပျိုးကြကြောင်းသိရသည်။ ထိုဒေသများသည် မြန်မာနိုင်ငံအလယ်ပိုင်းမိုးရေချိန်အသင့်အတင့်ရရှိပြီး မိုးရေချိန်ကိုသာအဓိကအားထားပြီး စိုက်ပျိုး ရသောဒေသများဖြစ်သောကြောင့်

14 Jan 2025

             စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူမြို့နယ်အတွင်းရှိ ကျေးရွာများတွင် နှမ်း၊ မြေပဲ၊ နေကြာ၊ ဆန်စပါးနှင့် ပဲမျိုးစုံသီးနှံတို့ကို နှစ်စဉ်စိုက်ပျိုးလျက်ရှိရာ ကန့်ဘလူမြို့နယ် နတ်ပေးကျေးရွာအနီးတွင် နေကြာသီးနှံစိုက်ဧက ၁၀ ဧကခန့် စိုက်ပျိုးထားရှိကြောင်း သိရသည်။

14 Jan 2025

            စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့နယ်၌ အဓိကစိုက်ပျိုးသီးနှံဖြစ်သည့် မိုးမြေပဲများကိုလည်းစိုက်ပျိုးကြကြောင်း၊ မြို့နယ်အတွင်းရှိ ဒေသခံတောင်သူများသည် စိုက်ပျိုးရေး လုပ်ငန်းများကို စီးပွားဖြစ်လုပ်ကိုင်ကြပြီး ပြည်တွင်းစားသုံးဆီဖူလုံရေးအတွက် ဆီထွက်သီးနှံမြေပဲကို အဓိကထား၍ နှစ်စဉ်စိုက်ပျိုးကြကြောင်း သိရသည်။

14 Jan 2025

             စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့နယ်၌ အဓိကစိုက်ပျိုးသီးနှံဖြစ်သည့် မိုးစပါးများကိုလည်းစိုက်ပျိုးကြကြောင်း၊ ၂၀၂၄- ၂၀၂၅ ခုနှစ် မိုးစပါးစိုက်ပျိုးရာသီတွင် မိုးစပါး ၁၅၀၉၅၉ ဧကစိုက်ပျိုးနိုင်ခဲ့ကြောင်း ခရိုင်ကြေးတိုင်နှင့်မြေစာရင်းဦးစီးဌာန၏ စာရင်းများအရ သိရှိရပါသည်။

Pages