Main menu

ကန့်ဘလူမြို့မဈေးတွင် ရောင်းချနေသည့် သရက်သီးခြောက်ဈေးနှုန်း

Powered by Drupal

   စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူမြို့ “မြို့မဈေး”သည် နေ့စဉ်ဈေးရောင်းသူများ၊ ဈေးဝယ်သူများနှင့်စည်ကားလျက်ရှိပြီး ရာသီပေါ်သီးနှံများ၊ ဒေသထွက်ကုန်များ ရောင်းချလျက်ရှိရာ ယခုအခါ သရက်သီးခြောက်များ ရောင်းချလျက်ရှိကြောင်း သိရသည်။

   ကန့်ဘလူခရိုင်သည် သရက်ခြံများရှိသည့်အတွက် သရက်သီးပေါ်ချိန်တွင် သရက်သီးကို ပါးပါးလှီးကာ နေပူပူတွင် အခြောက်လှမ်းပြီး သိမ်းဆည်းထားကြောင်း၊ သရက်သီးခြောက်သည် မြို့ပေါ်ရပ်ကွက်များ၊ ကန့်ဘလူမြို့နယ်အတွင်းရှိ ကျေးရွာများမှလည်း ဝင်ရောက်ကြောင်း ၂၀၂၅ ခုနှစ်၊ မေလ ဒုတိယပတ်အတွင်း ကန့်ဘလူ“မြို့မဈေး”တွင် ရောင်းချနေသည့်  သရက်သီးခြောက် ဈေးနှုန်းများမှာ (၁၀)ကျပ်သားလျှင်(၅၀၀)ကျပ်၊ (၅၀)ကျပ်သားလျှင်(၂၅၀၀)ကျပ်၊ (၁)ပိဿာလျှင် (၄၈၀၀)ကျပ်ဖြင့်ရောင်းချကြောင်း သရက်သီးခြောက်ပြုလုပ်သည့် လုပ်ငန်းရှင်များထံမှ သိရသည်။

DOCA(စစ်ကိုင်း)