ကုန်သွယ်မှုသတင်းများ
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့နယ်အတွင်းရှိ ကျေးရွာအုပ်စုများတွင် မိုးသီးနှံ ဒေသထွက်တစ်မျိုးဖြစ်သော ဂေါ်ဖီထုပ်ကို ရေလုံလောက်စွာရရှိပါက နှစ်စဉ် အိမ်၊ ခြံ၊ မြေ၊ ဥယျာဉ်ခြံများ၌ တစ်နှစ်ပတ်လုံး တစ်ပိုင်တစ်နိုင်စိုက်ပျိုးကြပါသည်။ ၂၀၂၄ခုနှစ် နိုဝင်ဘာလ၊ ဒီဇင်ဘာလတွင် ထွက်ရှိသောဂေါ်ဖီထုပ်သည် ကျိုင်းတုံမြို့မဈေးကြီးသို့ တစ်ရက်လျင် အထုတ်(၃၀) ပါ ဆာလာအိတ်ပေါင်း (၃၅) အိတ်ခန့် ဝင်ရောက်လျက်ရှိပြီး အရောင်းအဝယ်ကောင်းနေကြောင်း ကုန်စိမ်းရောင်းချသည့် ဈေးသည်ထံမှ သိရပါသည်။

၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ (ဒုတိယ)တွင် အာလူးဈေးနှုန်းများ အနည်းငယ်ကျဆင်းလာကြောင်း ဈေးကွက်အတွင်းရှိ ကုန်သည်၊ ပွဲရုံများထံမှ လေ့လာသိရှိရပါသည်။ ရှမ်းပြည်နယ် (တောင်ပိုင်) ပင်လောင်းမြို့နယ်၊ နောင်တရား၊ တီကျစ်ဒေသတို့မှ အာလူးအဝင်များလာသောကြောင့် အားလူးဈေးနှုန်းကျဆင်းရခြင်းဖြစ်ပါသည်။ ယခုအပတ်တွင် အာလူးဈေးနှုန်းများနေဖြင့် မျက်နီ S2- ၈၀၀၀ကျပ်၊ မျက်နီ S1-၇၀၀၀ ကျပ်၊ OK- ၆၅၀၀ကျပ်၊ A1- ၄၅၀၀ကျပ်၊ ဆွဲသီး- ၃၅၀၀ ကျပ်နှင့် ဂေါ်လီဆိုဒ်- ၂၀၀၀ကျပ်ခန့် ဈေးပေါက်နေကြောင်းနှင့် စီးဆင်းမှုမှာာလည

၂၀၂၄ခုနှစ် ဒီဇင်ဘာလပထမပတ်အထိ ဈေးနှုန်းအမြင့်တွင်ရှိခဲ့သော ကုန်စိမ်းသီးနှံအများစု မှာ(၁၀.၁၂.၂၀၂၄)ရက်နေ့တွင် ဈေးနှုန်းများထက်ဝက်နီးပါးကျဆင်းလာကြောင်း ဈေးကွက်အတွင်းမှ လေ့လာသိရှိရပါသည်။ ခရမ်းချဉ်၊ ဂေါ်ဖီ၊ ပန်းမုံလာ၊ ငရုတ်ပွနှင့် မုန်ညှင်း စသောကုန်စိမ်းသီးနှံများမှာ နှစ်စဉ်ဆောင်းကာလတွင် ဈေးလျော့ကျသည့်အစဉ်အလာရှိပြီး ယခုနှစ်တွင် ကုန်စည်ထွက်ရှိမှုလျော့ခြင်း၊ ရေကြီးနစ်မြုပ်မှုကြောင့် စိုက်ခင်းအချို့ပျက်စီးခြင်းနှင့် အခြားဒေသမှ ကုန်ထွက်ရှိမှုနောက်ကျခြင်းကြောင့် ဈေးနှုန်းမျာ
တောင်ကြီးမြို့ရှိ မြို့နယ်အနှံ့အပြားတွင် မိသားစုအိမ်ခြံဝင်း၌လည်းကောင်း၊ တစ်နိုင်တစ်ပိုင်စိုက်ပျိုး၍လည်ကောင်း ချဉ်ပေါင်ပင်များကို စိုက်ပျိုးကြကြောင်းသိရှိရပါသည်။ ဒေသအခေါ်အဝေါ်အရ ချဉ်ပေါင်ပင်ကို ချဉ်ပေါင်လက်ကြားနှင့် ချဉ်ပေါင်ဗီးလပ်ဟူ၍နှစ်မျိုးရှိပြီး ချဉ်ပေါင်လက်ကြားကို ဆေးချဉ်ပေါင်အဖြစ် အသုံးပြုကြောင်းသိရှိရပါသည်။ ချဉ်ပေါင်ရွက်များကို တစ်နှစ်ပတ်လုံးစားသုံးရန် စိုက်ပျိုးကြသော်လည်း ချဉ်ပေါင်သီးမှာ ဆောင်းရာသီအချိန်ရောက်မှသာ အဖူးများထွက်လာပြီး ရာသီစာသီးနှံအဖြစ် ရောင

ရှမ်းပြည်နယ်(တောင်ပိုင်း)အောင်ပန်းဒေသတွင် ယခုအပတ် ပြောင်းသီးနှံမှာ တစ်ပိဿာလျှင် အမြင့်ဈေး (၁၆၀၀)ကျပ်ဖြင့် ပြည်ပဝယ်လိုအားရှိသဖြင့် ဈေးကောင်းရနေပြီး စီးဆင်းမှုမှာ ကောင်းနေကြောင်းသိရပါသည်။ ကြက်သွန်ဖြူသီးနှံမှာ တစ်ပိဿာလျှင် ထူး ၁- ၁၁၅၀၀ကျပ်၊ ထူး ၂- ၁၂၅၀၀ကျပ်၊ ထူး ၃- ၁၃၅၀၀ကျပ်၊ ထူး ၄- ၁၄၅၀၀ကျပ်၊ ထူး ၅- ၁၅၅၀၀ကျပ်၊ ထူးလွန်- ၁၆၀၀၀ကျပ် နှင့် ဥတစ်လုံးဆိုဒ်မှာ ၂၅၀၀၀ကျပ် ဈေးရှိနေကြပြီး နောင်တရား၊ တီကျစ်ဘက်မှ တောင်သူလက်ကျန်များ ဝင်ရောက်လာ သဖြင့် အမြင့်ဈေ
