သပွတ်ပင်သည် မြန်မာနိုင်ငံနေရာအနှံ့အပြားတွင် အလေ့ကျပေါက်ရောက်လျက်ရှိရာ အလေ့ ကျပင်မှ အဖိုးတန်သည့် အပင်တစ်မျိုးဖြစ်သည်။ သပွတ်ပင်တွင် အချိုပင်နှင့် အခါးပင်ဟူ၍ (၂)မျိုး ရှိရာ အချိုပင်သည် စား၍ရပြီး သုံးစွဲရာတွင်လည်း အချိုပင်ကိုပို၍ ဝယ်ယူကြကြောင်း၊ သပွတ်ပင်မှ သီးသည့် သပွတ်သီးကို ဟင်းချိုအဖြစ် လည်းကောင်း၊ ပဲခွေနှင့်ချက်စား၍လည်းကောင်း စားသုံးကြ ပါသည်။ သပွတ်သီးကို သပွတ်အူခြောက်ဖြစ်အောင် သပွတ်သီးကို ရင့်အောင် ထားရကြောင်း၊ ရင့် သွားသည့် သပွတ်အူကို အခွံနှင့်အစေ့ခွာ၍ ဈေးကွက်ဝင် ရောင်းတန်းဝင်အောင် သပွတ်အူခြောက် အဖြစ်ထားရကြောင်း၊ သပွတ်အူအခြောက်ကို အိုးခွက်၊ပန်းကန် ဆေးကြော တိုက်ချွက် ရာတွင် အိုးတိုက်ပတ်အဖြစ်လည်းကောင်း၊ ဓါတ်ဘူးအစွပ်ဖြစ်လည်းကောင်း၊ ရေချိုးရာတွင်ခန္ဓာကိုယ်ရှိ ဂျေး ညော်များကို တိုက်ချွတ်ရန်အတွက် သပွတ်အူခြောက်တွင် ရေချိုးဆပ်ပြာရည်ထည့်ကာ ဂျီးတွန်း ပတ် အဖြစ်လည်းကောင်း အသုံးပြုကြကြောင်း၊ သပွတ်အူ (၁)ခုလျှင် (၃၀ဝိ/-)ကျပ်ဖြင့် အရောင်း အဝယ်ဖြစ်လျက်ရှိကြောင်း သိရှိရပါ သည်။
ိOCA(စစ်ကိုင်း)