Main menu

ဘားအံမြို့ရေပေါ်ဈေးရှိကုန်စိမ်းသီးနှံ ဈေးနှုန်းအခြေအနေ

Powered by Drupal

     ၂၀၂၅ခုနှစ်၊ နွေရာသီ မေလ ဒုတိယအပတ်တွင် ကရင်ပြည်နယ်၊ ဘားအံမြို့ ရေပေါ်ဈေး ကုန်စိမ်းသီးနှံ ဈေးနှုန်းမှာတည်ငြိမ်၍ ဈေးကွက်အတွင်းအရောင်းအဝယ် ဖြစ်လျက်ရှိကြောင်း သတင်းရရှိသည်။

     ဈေးနှုန်းများအနေဖြင့် ခရမ်းချဉ်သီး တစ်ပိဿာလျှင် (၂၅၀၀)ကျပ်၊ ဂေါ်ဖီထုပ် တစ်ထုပ်လျှင် (၂၀၀၀)ကျပ်၊ ပန်းဂေါ်ဖီ တစ်ပွင့်လျှင် (၂၀၀၀)ကျပ်၊ လွေ့တစ်ပိဿာလျှင် (၂၅၀၀)ကျပ်၊ ငရုတ်သီးစိမ်း တစ်ပိဿာလျှင် (၃၀၀၀)ကျပ်၊ ကလော်အော်သီး တစ်ပိဿာလျှင် (၅၀၀၀)ကျပ်၊ ရုံးပတေသီး တစ်ပိဿာလျှင် (၂၅၀၀၀)ကျပ်၊ ပဲတောင့်ရှည်အစည်းသေး တစ်စည်းလျှင် (၁၀၀၀)ကျပ်၊ ဖရုံသီး တစ်ပိဿာလျှင် (၂၀၀၀)ကျပ်၊ ခဝဲသီး တစ်ပိဿာလျှင် (၂၀၀၀)ကျပ်၊ ခရမ်းခေါင်းသီး တစ်ပိဿာလျှင် (၃၀၀၀)ကျပ်၊ အာလူး တစ်ပိဿာလျှင် (၄၅၀၀)ကျပ်၊ ဥနီ တစ်ပိဿာလျှင် (၇၀၀၀)ကျပ်၊ ကြက်သွန်နီ တစ်ပိဿာလျှင် (၂၅၀၀/၃၀၀၀)ကျပ်၊ ကြက်သွန်ဖြူ တစ်ပိဿာလျှင် (၁၅၀၀၀/၁၆၀၀၀)ကျပ်၊ ဂျင်းတစ်ပိဿာလျှင် (၆၀၀၀)ကျပ်၊  ဘူးသီး တစ်လုံးလျှင် (၃၅၀၀)ကျပ်၊ မြင်းခွာရွက် တစ်စည်းလျှင် (၅၀၀)ကျပ်၊ ကြက်ဟင်းခါးညွှန့် တစ်စည်းလျှင် (၅၀၀)ကျပ်၊  ကန်စွန်းရွက် တစ်စည်းလျှင် (၅၀၀)ကျပ်၊ ကင်းပွန်းချဉ်ရွက် တစ်စည်းလျှင်(၅၀၀)ကျပ်၊ ချဉ်ပေါင်ရွက် တစ်စည်းလျှင် (၅၀၀)ကျပ်၊ တို့ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သိရပါသည်။

      ယခင်အပတ်နှင့်ယခုအပတ် ဈေးနှုန်းနှိုင်းယှဉ်ချက်များအရ ခရမ်းချဉ်သီးဈေးနှုန်းမှာ ဈေးအနည်း ငယ်တက်၍ ဂေါ်ဖီထုပ်နှင့်ရုံးပတေသီးဈေးနှုန်းမှာ ဈေးအနည်းငယ်ကျပြီး ကျန်ကုန်ဈေးနှုန်းများမှာ ဈေးနှုန်းတည်ငြိမ်လျက်ရှိကြောင်း သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)