ကုန်သွယ်မှုသတင်းများ
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့တွင် ယခုကာလအတွင်း နှင်းသီးများ စတင်ထွက်ရှိ လာပြီး စျေးကွက်သို့ ဝင်ရောက်ရောင်းချလျက်ရှိကြောင်း သိရသည်။ ဒေသတွင်း ကျေးရွာများမှ စုဆောင်းတင်ပို့လာကြသလို အခြားတိုင်း/ပြည်နယ်များမှလည်း တင်သွင်းမှုအနည်းငယ်ရှိကြောင်း သစ်သီးဆိုင်များထံမှ သိရှိရသည်။

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့တွင် မန်ကျည်းသီးမှည့် ရာသီစတင်ဝင်ရောက်လာ ပြီဖြစ်ပြီး ဒေသမန်ကျည်းပင်များမှ ထွက်ရှိမှုအပြင် အခြားဒေသများမှလည်း တင်သွင်းဝင်ရောက် လာကြောင်း ထားဝယ်မြို့ပေါ်ရှိ စျေးသည်များထံမှ သိရှိရသည်။

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့တွင် အခြေခံစားသောက်ကုန်တစ်မျိုးဖြစ်သည့် ကြက် သွန်ဖြူသည် လက်ရှိကာလတွင် အခြားတိုင်းဒေသကြီးများမှ အဓိကတင်သွင်း ဝင်ရောက်လျက်ရှိပြီး ဈေးကွက်အတွင်း ဝယ်လိုအားနှင့်အညီ ရောင်းဝယ်လျက်ရှိသည်။

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့ရှိ ဈေးကွက်များသို့ ၂၀၂၆ ခုနှစ်၊ မတ်လအတွင်း ကြက်သွန်နီများကို အထူးသဖြင့် မန္တလေးတိုင်းဒေသကြီးမှ မိတ္ထီလာ၊ ကျောက်ဆည် မြစ်သား၊ မြင်းခြံ၊ ပခုက္ကူဒေသများမှ တင်သွင်းရောင်းချလျက်ရှိသည်။ လမ်းပန်းဆက်သွယ်ရေးအဆင်ပြေမှု၊ ထွက် ရှိမှုနှင့် ရာသီဥတုအပေါ်မူတ

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်ကန့်ဘလူမြို့နယ် နတ်ပေးကျေးရွာ၊ တောက္ကရှပ် ကျေးရွာများတွင် ရာသီချိန်အလိုက် ဟင်းသီးဟင်းရွက်မျိုးစုံစိုက်ပျိုးလျက်ရာ ဗမာခရမ်းချဉ်သီးနှင့် ထိုင်ဝမ်ခရမ်းချဉ်သီးများစိုက်ပျိုးပြီး ကန့်ဘလူမြို့မဈေးတွင်ရောင်းချကာ မိသားစုဝင်ငွေ ရရှ

