Main menu

ထားဝယ်မြို့တွင် မန်ကျည်းသီးမှည့် ဝင်ရောက်တင်သွင်းမှုနှင့် စျေးကွက်အခြေအနေ

Powered by Drupal

         တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့တွင် မန်ကျည်းသီးမှည့် ရာသီစတင်ဝင်ရောက်လာ ပြီဖြစ်ပြီး ဒေသမန်ကျည်းပင်များမှ ထွက်ရှိမှုအပြင် အခြားဒေသများမှလည်း တင်သွင်းဝင်ရောက် လာကြောင်း ထားဝယ်မြို့ပေါ်ရှိ စျေးသည်များထံမှ သိရှိရသည်။

          ဒေသတွင်း မန်ကျည်းမှည့်ထွက်ရှိမှုအနေဖြင့် ကျေးလက်ဒေသများရှိ မန်ကျည်းပင်များမှ မန် ကျည်းသီးမှည့်များကို စုဆောင်း၍ ထားဝယ်မြို့ပေါ်သို့ တင်ပို့ရောင်းချနေကြပြီး အချို့ကုန်သည် များမှာ အိမ်တွင်းသုံးနှင့် စားသောက်ဆိုင်သုံးအတွက် သန့်စင်ထုတ်ပိုးပြီး ပြန်လည်ဖြန့်ချိလျက်ရှိကြပါ  သည်။ ထုတ်လုပ်မှုတွင် သီးရွေးခြင်း၊ အခွံခွာခြင်း၊ အစိုဓာတ်လျှော့ခြင်းနှင့် ထုပ်ပိုးခြင်းတို့ကို လုပ် ဆောင်ရသဖြင့် လုပ်သားအင်အားနှင့် သယ်ယူပို့ဆောင်ခများ မြင့်တက်လျက်ရှိကြောင်း သိရှိရသည်။ ထို့အပြင် မွန်ပြည်နယ်နှင့် ပဲခူးတိုင်းဒေသကြီးမှ မန်ကျည်းသီးမှည့်များအား ကားလမ်းမှတစ်ဆင့် တင်သွင်းလျက်ရှိရာ ဒေသတွင်း ထွက်ရှိမှုနည်းပါးသည့်အချိန်များတွင် စျေးနှုန်း တည်ငြိမ်စေရန် အထောက်အကူဖြစ်စေကြောင်းသိရသည်။ သို့ရာတွင် သယ်ယူပို့ဆောင်ခများ မြင့်တက်လာခြင်း ကြောင့် အခြားတိုင်း/ပြည်နယ်များမှ တင်သွင်းလာသော မန်ကျည်းသီးမှည့်များ၏ စျေးနှုန်းမှာ ဒေသ ထွက် မန်ကျည်းသီးမှည့်များထက် အနည်းငယ်မြင့်တက်လေ့ရှိပါသည်။

          စျေးနှုန်းအခြေအနေအရ ၂၀၂၆ ခုနှစ်၊ မတ်လ ပထမအပတ်အတွင်း မန်ကျည်းသီးမှည့် (အခွံမပါ) အစေ့လွတ် တစ်ပိဿာလျှင် ကျပ် ၁၀၀၀၀ မှ ၁၁၀၀၀ ဖြင့်ရောင်းချလျက်ရှိကြောင်း သိရှိ ရပါသည်။

DOCA(တနင်္သာရီ)