Main menu

ထားဝယ်မြို့တွင် ရာသီစတင်ဝင်ရောက်လျက်ရှိသည့် နှင်းသီးနှင့် စျေးနှုန်းအခြေအနေ

Powered by Drupal

         တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့တွင် ယခုကာလအတွင်း နှင်းသီးများ စတင်ထွက်ရှိ လာပြီး စျေးကွက်သို့ ဝင်ရောက်ရောင်းချလျက်ရှိကြောင်း သိရသည်။ ဒေသတွင်း ကျေးရွာများမှ စုဆောင်းတင်ပို့လာကြသလို အခြားတိုင်း/ပြည်နယ်များမှလည်း တင်သွင်းမှုအနည်းငယ်ရှိကြောင်း သစ်သီးဆိုင်များထံမှ သိရှိရသည်။

          ယခုနှစ်ရာသီတွင် မိုးရွာသွန်းမှုအနေအထား ကောင်းမွန်ခဲ့ခြင်းကြောင့် သီးထွက်နှုန်း ပုံမှန် ထက်ကောင်းမွန်လျက်ရှိပြီး အသီးအရွယ်အစားသင့်တော်ပြီး အရသာချိုမြိန်မှု ကောင်းမွန်သဖြင့် စားသုံးသူများ၏ ဝယ်လိုအားလည်း တိုးတက်နေသည်။

          စျေးနှုန်းအခြေအနေအရ ၂၀၂၆ ခုနှစ်၊ မတ်လ ပထမအပတ်အတွင်း ထားဝယ်မြို့ပေါ်တွင် နှင်းသီးတစ်ပိဿာလျှင် ကျပ် ၄,၀၀၀ မှ ၆,၀၀၀ ဝန်းကျင်ဖြင့် ရောင်းချလျက်ရှိပြီး လက်လီရောင်း ချရာတွင် တစ်ထုပ်လျှင် ကျပ် ၁,၅၀၀ မှ ၂,၅၀၀ ဝန်းကျင်ဖြင့်ရောင်းချလျက်ရှိကြောင်း သိရှိရသည်။

DOCA(တနင်္သာရီ)