ပြည်ပကုန်သွယ်မှုသတင်းများ
အိန္ဒိယနိုင်ငံတွင် ဆန်ကုန်လက်ကျန် များပြားပိုလျှံမှုရှိပြီး မိုးရွာသွန်းမှု ပုံမှန်ထက်ပိုမိုမည့် မုတ်သုံရာသီဥတု ခန့်မှန်းချက်အရ မိုးသီးနှံရာသီ၌ စပါးစိုက်ပျိုးထုတ်လုပ်မှုကို တိုးတက်စေဖွယ်ရှိ သဖြင့် အစိုးရအနေဖြင့် ယခင်နှစ်၌ ချမှတ်ခဲ့သော ဆန်တင်ပို့မှု ကန့်သတ်ချက်များကို ဖြေလျှော့ ဆောင်ရွက်သွားရန် လိုအပ်မည်ဖြစ်ကြောင်း အရာထမ်းတစ်ဦးက ပြောကြားခဲ့ပါသည်။

ပါကစ္စတန်နိုင်ငံသည် လက်ရှိဘဏ္ဍာနှစ်တွင် ဇူလိုင်လမှ ၂၀၂၄ ခုနှစ် မတ်လအထိ ပထမ ၉ လအတွင်း ဆန်တင်ပို့မှုမှ ဝင်ငွေ ဒေါ်လာ ၂.၆၉ ဘီလီယံရရှိခဲ့ကြောင်း၊ ယခင်ဘဏ္ဍာနှစ် အလားတူကာလ၌ ဆန်ပို့ကုန်မှ ရရှိခဲ့သောဝင်ငွေ ဒေါ်လာ ၁.၅၂၂ ဘီလီယံနှင့် နှိုင်းယှဉ်ပါက ၇၆.၅၇% တိုး တက်ခဲ့ကြောင်း ပါကစ္စတန်ဗဟိုဘဏ်၏ အစီရင်ခံစာထုတ်ပြန်ချက်အရ သိရှိရသည်။

အိန္ဒိယနိုင်ငံတွင် လာမည့်မိုးသီးနှံရာသီ၌ စိုက်ပျိုးထုတ်လုပ်မှုမှ ထွက်ရှိမည့် ပဲစင်းငုံ၊ မတ်ပဲနှင့် ကြက်သွန်နီတို့ကို အရန်ရိက္ခာထားရှိရေး ဝယ်ယူရန်အတွက် တောင်သူများအနေဖြင့် စားသုံးသူရေးရာဝန်ကြီးဌာန၏ အချက်အလက်စင်္ကြန်တွင် ကြိုတင်မှတ်ပုံရန် အစိုးရဝယ်ယူရေးအေဂျင်စီ များဖြစ်သော အမျိုးသားလယ်ယာထွက်ကုန် သမဝါယမဈေးကွက် အသင်းချုပ် (NAFED) နှင့် အမျိုးသား စားသုံးသူ သမဝါယမအသင်းချုပ် (NCCF) တို့က တွန်းအားပေးဆောင်ရွက်လျက်ရှိ ကြောင်း သိရှိရသည်။

ထိုင်နိုင်ငံ၏ကူးသန်းရောင်းဝယ်ရေးဝန်ကြီး Phumtham Wechayachai သည် ထိုင်းကိုယ်စားလှယ်အဖွဲ့အားတိုကျိုမြို့ရှိ Imperial Hotel တွင် မကြာသေးမှီကဦးဆောင်ခဲ့ပြီး ဂျပန်-ထိုင်း ကုန်သွယ်ရေးနှင့်စီးပွားရေးကော်မတီဥကဠ Suzuki Jun နှင့် ဂျပန်စီးပွားရေးအဖွဲ့ချုပ် (Keidanren) တို့မှ အမှုဆောင်အရာရှိများနှင့် မဟာဗျူဟာမြောက် ဆွေးနွေးပွဲများပြုလုပ်ခဲ့ပါသည်။

ယခုနှစ်၏ ပထမလေးလတာကာလတွင် ကမ္ဘောဒီးယားနိုင်ငံသည် အမေရိကန်ဒေါ်လာသန်း (၁၇၀) ပမာဏရှိသည့် ဆန်တန်ချိန် ၂၄၈၄၉၁တန်ကို ပြည်ပသို့တင်ပို့ခဲ့ကြောင်း ကမ္ဘောဒီးယားနိုင်ငံဆန်စပါးအသင်းအဖွဲ့ချုပ်၏ (၈-၅-၂၀၂၄) ရက်နေ့က ထုတ်ပြန်ခဲ့သည့် အစီရင်ခံစာအရသိရပါသည်။ ကမ္ဘောဒီးယားနိုင်ငံသည် ဧပြီလတစ်လတည်းတွင် ဆန်တန်ချိန် ၈၂၄၉၁တန်တင်ပို့ခဲ့ခြင်းမှ အမေရိကန်ဒေါ်လာ ၄၆.၆သန်းရရှိခဲ့ပါသည်။ တရုတ်နိုင်ငံသည် ကမ္ဘောဒီးယားနိုင်ငံ၏ အကြီးမားဆုံးဆန်တင်သွင်းသည့် နိုင်ငံဖြစ်ပြီး ယခုနှစ်၏ ပထမလေးလတွင် အမေရိကန်ဒေါ်လာ ၄၂.၂၈သန်းတန်ဖိုးရှိသည့် ဆန်တန်ချိန် ၆၇၄၅၇တန်ဝယ်ယူခဲ့ကြောင်းသိရပါသည်။ ထို့ပြင် ကမ္ဘောဒီးယားနိုင်ငံ

တရုတ်နိုင်ငံသို့ ဒူးရင်းသီးတင်ပို့သည့်နိုင်ငံများတွင် ထိပ်ဆုံးနေရာတွင်ရပ်တည်နေသည့် ထိုင်းနိုင်ငံသည် စိန်ခေါ်မှုများရင်ဆိုင်လာရသည်ဟု ဒူးရင်းသီးစျေးကွက်အရင်းအမြစ်အရ သိရပါသည်။ ယခုနှစ် ပထမသုံးလပတ်ကာလတွင် ဒူးရင်းသီးတန်ချိန်(၄၈၀၀၀) ကို တရုတ်နိုင်ငံမှ တင်သွင်းခဲ့ပြီး အဆိုပါပမာဏထဲမှတန်ချိန်(၃၅၀၀၀)ကို ဗီယက်နမ်နိုင်ငံမှ တင်သွင်းခဲ့ခြင်းဖြစ်ကာ ထိုင်းနိုင်ငံမှ တန်ချိန်(၁၃၀၀၀)ကိုသာတင်သွင်းခဲ့ခြင်းဖြစ်ကြောင်း တရုတ်နိုင်ငံ ရှင်ဟွာသတင်းဌာန၏ ဖော်ပြချက်အရသိရပါသည်။ အဆိုပါဖော်ပြချက်အရ ဗီယက်နမ်နိုင်ငံက တင်ပို့မှု (၄၈.၁)ရာခိုင်နှုန်းတိုးတက်လာပြီး ထိုင်းနိုင်ငံက (၅၉.၅)ရာခိုင်နှုန်းကျဆင်း

စားအုန်းဆီဈေးနှုန်းများ ကျဆင်းလာမှုအရ ပြန်လည်သန့်စင်သည့် စက်ရုံများ၏ ဝယ်ယူမှု များပြားလာသဖြင့် အိန္ဒိယနိုင်ငံ၏ ၂၀၂၄ ခုနှစ် ဧပြီလအတွင်း စားအုန်းဆီတင်သွင်းမှုသည် ယခင် လကထက် ၄၁% မြင့်တက်လျက် သုံးလတာကာလ၌ အမြင့်ဆုံးသို့ ရောက်ရှိခဲ့သည်ဟု ကုန်သည် လုပ်ငန်းရှင် ၅ ဦးက ပြောဆိုကြောင်း ရိုက်တာသတင်းဌာနက ဖော်ပြပါသည်။

စားအုန်းဆီကုန်သွယ်မှုအပေါ် သက်ရောက်မှုရှိစေမည့် ဗြိတိန်၏ သစ်တောကဏ္ဍအပေါ် ဆိုးကျိုး အန္တရာယ်ဖြစ်စေသည့်ကုန်ပစ္စည်းဆိုင်ရာ ဥပဒေ (Due Diligence Law) အား မျှတမှုရှိစွာ အကောင်အထည်ဖော်ဆောင်ရွက်ပေးရေး အင်ဒိုနီးရှားနိုင်ငံက ဗြိတိန်နိုင်ငံသို့ တောင်းဆို တိုက် တွန်းထားကြောင်း Antara News ဌာနက မေလ ၁ ရက်နေ့တွင် ဖော်ပြပါသည်။
ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် ဆန်ကို အလွန်အကျွံ အရောင်တင်ကြိတ်ဖွပ်ခြင်းကြောင့် ဆန်၏ အာဟာရတန်ဖိုး လေလွင့်ဆုံးရှုံးမှုဖြစ်ပေါ်လျက်ရှိရာ ဆန်အရောင်တင်ကြိတ်ဖွပ်မှုကို တားမြစ်ရန် ဥပဒေတစ်ရပ် ပြဋ္ဌာန်းထားရှိပြီး လာမည့် မိုးစပါးရာသီ (Aman season) မှစတင်၍ အကောင်အထည်ဖော် ဆောင်ရွက်မည်ဖြစ်ကြောင်း စားနပ်ရိက္ခာဝန်ကြီး Sadhan Chandra Majumder က ၂-၅-၂၀၂၄ ရက်၊ ကြာသပတေးနေ့တွင် ပြောကြားခဲ့သည်။
ဗီယက်နမ်နိုင်ငံအနေဖြင့် ၂၀၂၄ ခုနှစ်တွင် ဆန်တန်ချိန် ၄၃ သန်းအထိ ထုတ်လုပ်နိုင်မည်ဟု မျှော်မှန်းထားပြီး ၎င်းပမာဏသည် ပြည်တွင်းစားသုံးမှုနှင့် ဆန်တန်ချိန် ၈ သန်းကျော်ရှိသော ပို့ကုန် ဝယ်လိုအားတို့အတွက် လုံလောက်မှုရှိကြောင်း ဗီယက်နမ် စိုက်ပျိုးရေးနှင့် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီးဌာန၏ ပြောကြားချက်အရ သိရသည်။

ထိုင်းနိုင်ငံ၌ ဘတ်ငွေတန်ဖိုး အားနည်းလျက်ရှိခြင်းက ယခုနှစ် ပထမသုံးလပတ်အတွင်း ဆန်တင်ပို့မှုကို ယခင်နှစ်ကာလတူ၌တင်ပို့မှု တန်ချိန် ၂.၀၆ သန်းအပေါ် ၁၉.၄ ရာခိုင်နှုန်း တိုးတက် ပြီး ဆန်တန်ချိန် ၂.၄၆ သန်းအထိ ရောက်ရှိစေခဲ့ကြောင်း သိရသည်။

အစားအသောက်ဈေးနှုန်းများမြင့်တက်နေမှုနှင့် ငွေကြေးဖောင်းပွမှုတို့ ဖြစ်ပေါ်နေမှုများကြောင့် အိန္ဒိယနိုင်ငံအစိုးရသည် ဘာစမာတီမဟုတ်သောဆန် ပြည်ပတင်ပို့ရာတွင် ဆန်ကွဲပါဝင်မှု ရာခိုင်နှုန်းကို လျော့နည်းသတ်မှတ်သွားရန် စီစဉ်ဆောင်ရွက်လျက်ရှိပါသည်။ ထိုသို့ဆောင်ရွက်မှုမှာ စားသောက်ကုန် ဈေးနှုန်းဖောင်းပွမှု ဖြစ်ပေါ်နေမှု အရေးကိစ္စကို ဖြေရှင်းဆောင်ရွက်နိုင်ရန်နှင့် ပြည်တွင်းဆန်ဈေးနှုန်းများ မြင့်တက်နေချိန်တွင် ဆန်ရောင်းချမှု လုံလောက်စွာရရှိနိုင်ရန်တို့ အတွက် ဖြစ်ပါသည်။
