Main menu

ကမ္ဘောဒီးယားနိုင်ငံသည် အမေရိကန်ဒေါ်လာ ၇.၂ ဘီလီယံ တန်ဖိုးရှိ ရင်းနှီးမြှုပ်နှံမှု စီမံကိန်းများကို အတည်ပြု

Powered by Drupal

               ကမ္ဘောဒီးယားနိုင်ငံသည် ၂၀၂၅ ခုနှစ် ပထမ ၈ လအတွင်း အမေရိကန်ဒေါ်လာ ၇.၂ ဘီလီယံ တန်ဖိုးရှိ ရင်းနှီးမြှုပ်နှံမှု စီမံကိန်းများကို ဆွဲဆောင်နိုင်ခဲ့ပြီး ယခင်နှစ်နှင့် နှိုင်းယှဉ်ပါက ၅၀ ရာခိုင်နှုန်း တိုးတက်လာခဲ့ကြောင်း ကမ္ဘောဒီးယားဖွံ့ဖြိုးတိုးတက်ရေးကောင်စီ (CDC) က စက်တင်ဘာလ ၄ ရက်နေ့တွင် ထုတ်ပြန်ခဲ့ပါသည်။

          ကမ္ဘောဒီးယားနိုင်ငံသည် ဇန်နဝါရီလမှ သြဂုတ်လအတွင်း ရင်းနှီးမြှုပ်နှံမှု စီမံကိန်း ၄၉၁ ခုကို အတည်ပြုခဲ့ပြီး ယခင်နှစ် အလားတူကာလရှိ  စီမံကိန်း၂၈၇ ထက်ပို၍ တိုးတက်လာကာ အလုပ် အကိုင် ၃၃၉၀၀၀ ခန့် ဖန်တီးပေးနိုင်ခဲ့ကြောင်း CDC ကပြောကြားခဲ့ပါသည်။

                 ထိုစီမံကိန်းများသည် အဓိကအားဖြင့် ကုန်ထုတ်လုပ်မှု၊ အခြေခံအဆောက်အဦ၊ စိုက်ပျိုးရေး လုပ်ငန်းများ၊ ခရီးသွားလုပ်ငန်းများ ဖြစ်ကြောင်း သိရှိရပါသည်။

            တရုတ်နိုင်ငံသည် ကမ္ဘောဒီးယားနိုင်ငံ၏ ရင်းနှီးမြှုပ်နှံမှု စုစုပေါင်း၏ ၅၂.၈၂ ရာခိုင်နှုန်းကို ပိုင်ဆိုင်ထားပြီး ထိပ်တန်းရင်းနှီးမြှုပ်နှံသူအဖြစ် ဆက်လက်ရပ်တည်လျက်ရှိပါသည်။

          စီးပွားရေးဝန်ကြီးဌာန၏ ပြောရေးဆိုခွင့်ရှိသူ Penn Sovicheat ဒေသအတွင်း ပြည့်စုံသော စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု (RCEP)  သဘောတူညီချက်နှင့် ကမ္ဘောဒီးယား၏ တရုတ်၊ တောင်ကိုရီးယား၊ UAE တို့နှင့် နှစ်နိုင်ငံ လွတ်လပ်သောကုန်သွယ်ရေး သဘောတူညီချက်စာချုပ် များသည် ကမ္ဘောဒီးယားနိုင်ငံသို့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများ  ဆွဲဆောင်ရာတွင် အဓိကအကြောင်း အရင်းဖြစ်ကြောင်း သိရှိရပါသည်။

DOCA (ရန်ကုန်)