ပြည်တွင်းကုန်သွယ်မှုသတင်းများ
မုံရွာမြို့၊ ချင်းတွင်းရတနာစျေး၌ ရောင်းချနေသော ပုဇွန်ခြောက်၊ ငါးခြောက်များမှာ ရန်ကုန်၊ မန္တလေး၊ ရခိုင်ပြည်နယ်ဘက်မှ ဝင်ရောက်ကြောင်းသိရပါသည်။ ပုဇွန်၊ ငါးခြောက်စျေးနှုန်းများမှာ ဝင်ရောက်သည့် ဒေသအပေါ် မူတည်၍လည်းကောင်း၊ အရည်အသွေးကိုလိုက်၍လည်းကောင်း ကွာခြားလျက်ရှိပါသည်။
စစ်ကိုင်းတိုင်းဒေသကြီး၊ ချင်းတွင်းမြစ်ရိုးကိုင်းမြေနုများပေါ်တွင် ညောင်ဖြူပင်၊ သစ်ဆိမ့်၊ ထနောင်းတော၊ နဂါးတွင်းကျေးရွာတို့မှ တောင်သူများသည် ဥယျာဉ်ခြံလုပ်ငန်းနှင့် ရာသီပေါ်သီးနှံစိုက်ပျိုးလျက်ရှိရာ ဆူးပုပ်စိုက်ပျိုးခြင်းမှ မိသားစုအပိုဝင်ငွေရရှိနေကြောင်း ဆူးပုပ်စိုက်တောင်သူများထံမှ သိရသည်။
၂၀၂၃ခုနှစ်၊ ဇူလိုင်လ၊ ပထမအပတ်အတွင်း မိတ္ထီလာမြို့နယ်တွင် အခြေခံစားသောက်ကုန်များဖြစ်သော စိုက်ပျိုးရေးထွက်ကုန်များဖြစ်သည့် ရွှေဘိုပေါ်ဆန်းအသစ်တစ်ပြည်လျှင် ၄၅၀၀ကျပ်နှင့် အဟောင်းတစ်ပြည်လျှင် ၅၀၀၀ကျပ်၊ ဧည့်မထတစ်ပြည်လျှင် ၃၂၀၀ကျပ်နှင့် ငစိန်တစ်ပြည်လျှင် ၂၆၀၀ကျပ်တို့ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိပါသည်။ စားအုန်းဆီတစ်ပိဿာလျှင် ၇၂၀၀ကျ
![](http://www.doca.gov.mm/sites/default/files/styles/trade_image_560x280_/public/၁၀၅_4.jpg?itok=NyGMuVsX)
မိတ္ထီလာခရိုင်အတွင်း စပါးကို မိတ္ထီလာ၊ ဝမ်းတွင်း၊ မလှိုင်၊ သာစည်(၄) မြို့နယ်လုံးတွင် စိုက်ပျိုးကြပြီး မနောသုခစပါးနှင့် ဧရာပဒေသာစပါးကို အဓိကစိုက်ပျိုးကြပါသည်။ ၂၀၂၃ခုနှစ်၊ ဇူလိုင်လ၊ လဆန်းပိုင်းတွင် စျေးကွက်ဖြစ်ပေါ်နေသော စပါး/ဆန်စျေးနှုန်းများမှာ မနောသုခစပါးတင်း (၁၀၀) လျှင် ၂၄၀၀၀၀၀ကျပ်၊ ဧရာပဒေသာစပါးတင်း (၁၀၀) လျှင် ၂၇၀၀၀၀၀ကျပ
မိတ္ထီလာစျေးကွက်အတွင်း ၂၀၂၃ခုနှစ်၊ ဇူလိုင်လ၊ ပထမအပတ်တွင်ဖြစ်ပေါ်နေသော အခြေခံစားကုန်များအနက် ရွှေဘိုပေါ်ဆန်းမှာ တစ်အိတ်လျှင် ၁၀၅၀၀၀ကျပ်ဖြင့်လည်းကောင်း၊ မဂျမ်းတောဆန်မှာ တစ်အိတ်လျှင် ၈၅၀၀၀ကျပ်ဖြင့်လည်းကောင်းစျေးငြိမ်နေပြီး ဒေသတွင်းစားသုံးမှုများသော မနောသုခဆန်မှာ တစ်အိတ်လျှင် ယခင်အပတ်တွင် ၇၅၀၀၀ကျပ်ရှိခဲ့ရာမှ ယခုအပတ်တွင် ၈၀၀၀၀က