
နေကြာကို ယခင်က မြေသြဇာကောင်းမွန်၍ နေရောင်ခြည်ကောင်းစွာရရှိသော နေရာများ တွင် အဓိကစိုက်ပျိုးဖြစ်ထွန်းသောလည်း ယခုအချိန် မြိတ်ခရိုင်များတွင်ပါစိုက်ပျိုးလျက်ရှိကြပါသည်။ တနင်္သာရီတိုင်း၊ မြိတ်မြို့နှင့် မောတောင်မြို့တွင် နေကြာအများဆုံးစိုက်ပျိုးထားရှိကြောင်း သိရှိပါ သည်။ နေကြာစိုက်ပျိုးထွက်ရှိမှု အောင်မြင်မှုများပြားလာသည်နှင့် စျေးကွက်တစ်ခုဖြစ်တည်လာပြီး နေကြာ ဆီထုတ်လုပ်ရန်အတွက် အကူအညီဖြစ်မည်ဖြစ်သည်။
၂၀၂၃ခုနှစ်-၂၀၂၄ခုနှစ်တွင် မြိတ်ခရိုင်တွင် နေကြာစိုက်ဧက(၁၆)ဧကခန့်သာ ရှိသော်လည်း ၂၀၂၄-၂၀၂၅ခုနှစ်တွင် နေကြာစိုက်ဧက(၂၇) ဧကခန့်စိုက်ပျိုးလျက်ရှိရာ အထွက်နှုန်း (၈.၆၇) ခန့်ရှိ ပြီး အထွက် (၂၃၄)တင်းခန့် ထွက်ရှိကြောင်း သိရှိရပါသည်။ အထွက်နှုန်းနည်းပါသော ကြောင့် အထွက်တိုးရန် ကြိုးစားလျက်ရှိပြီး စိုက်ပျိုးမှုတိုးချဲ့နိုင်ရန်လည်းကြိုးစားလျက်ရှိကြောင်း သိရှိရပါ သည်။
DOCA (တနင်္သာရီ)