ပြည်တွင်းကုန်သွယ်မှုသတင်းများ
မကွေးတိုင်းဒေသကြီး အောင်လံကုန်စည်ဒိုင်တွင် နှမ်းဈေးကွက်အနေဖြင့် နှမ်းနက်(စမုံ)မှာ (၄၅)ပိဿာ(၁)အိတ် လျှင် ယခင်အပတ် (၁၄-၆-၂၀၂၃) ရက်နေ့တွင် ကျပ်(၂၈၀၀၀၀မှ ၃၀၀၀၀၀)ဖြစ်ပြီး ယခုအပတ် (၂၀-၆-၂၀၂၃)ရက်နေ့တွင် ကျပ် (၂၇၅၀၀၀မှ ၂၉၅၀၀၀) ဖြစ်၍ ကျပ်(၅၀၀၀) ဈေးလျော့ခဲ့ပြီး (၁၁၅၀) အိတ် အရောင်းအဝယ်ရှိခဲ့ပါကြောင်း အောင်လံကုန်စည်ဒိုင်မှသိရှိရပါသ
မြန်မာနိုင်ငံ စက်သုံးဆီ တင်သွင်း၊ သိုလှောင်၊ ဖြန့်ဖြူးခြင်းလုပ်ငန်း ကြီးကြပ်ရေးကော်မတီမှ တိုင်းဒေသကြီး၊ ပြည်နယ်အလိုက် မြို့ကြီးများ၏ စက်သုံးဆီ ရည်ညွှန်းလက်ကားစျေးနှုန်းများအား နေ့စဉ် ထုတ်ပြန်ပေးလျက်ရှိပါသည်။
မကွေးမြို့တွင် မြို့မစျေး၊ ကံသာစျေး ၊မင်္ဂလာစျေး ၊ ရန်ပယ်စျေး ၊အခွန်လွတ်စျေးနှင့် ဆည်မြောင်းစျေး တို့ရှိကြပြီး ရန်ပယ်စျေးသို့ မကျီးကန်ရွာ၊ ဆားတိုင်ကန်ရွာ၊သန်းတောကုန်းရွာ၊ ပထိုးစမ်း ကျေးရွာတို့မှ အဓိကလာရောက် ရောင်းဝယ်ဖောက်ကားလျက်ရှိပါသည်။
မကွေးမြို့အခွန်လွတ်ဈေး၌ မြို့ပေါ်ရှိဈေးသည်များနှင့် ပတ်ဝန်းကျင်ကျေးရွာများဖြစ်သော ချောင်းဖြူကျေးရွာ၊ မြင်းကင်းကျေးရွာ၊ မကျီးကန်ကျေးရွာ၊ ဆားတိုင်ကန်ကျေးရွာတို့မှ လာရောက်ရောင်းဝယ်ဖောက်ကားလျက်ရှိပါသည်။
မြန်မာလူမျိုးတို့အတွက် ထမင်းမြိန်စေသည့် မိုးဦးကျကာလများတွင် ချောင်းကြိုမြောင်းကြားနှင့် လျှိုကြားတို့တွင်ပေါက်ရောက်လျက်ရှိသော ဝါးရုံတော၊ ဝါးပင်များမှထွက်ရှိသော မျှစ်ကို မျှစ်ပြုတ်၊ မျှစ်ဆတ်၊ မျှစ်ချဉ်အမျိုးမျိုးပြုလုပ်၍ ရောင်းဝယ်ဖောက်ကားစားသုံးလျက်ရှိကြပါသည်။
![](http://www.doca.gov.mm/sites/default/files/styles/trade_image_560x280_/public/603_0.jpg?itok=OxgAvLmO)