Main menu

ကန့်ဘလူမြို့မဈေးတွင် ရောင်းချနေသော ပျားသလက် ဈေးနှုန်း

Powered by Drupal

     ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့တွင် စိုက်ပျိုးရေးကိုလုပ်ငန်းများကို အဓိကလုပ်ကိုင်လျက်ရှိပြီး လယ်ယာလုပ်ငန်းကို ပိုင်ဆိုင်သူများရှိသလို စားဝတ်နေရေးအတွက် နေ့စားအလုပ်သမားအဖြစ် လုပ်ကိုင်နေရသူများ၊ တောတောင်၊ မြစ်ချောင်း၊ အင်း၊ အိုင်များတွင် စားဝတ်နေရေးအတွက် လုပ်ကိုင်နေရသူများလည်း ရှိကြသည်။ တောတောင်များတွင် ပျားရှာသည့်အလုပ်မှာလည်း ထိုက်သင့်သည့် ဝင်ငွေရရှိသည့်အတွက် ဒေသခံအချို့က လုပ်ကိုင်လျက်ရှိကြောင်း သိရသည်။

     ၂၀၂၅ ခုနှစ်၊ ဇူလိုင်လ တတိယအပတ် ကန့်ဘလူမြို့မဈေးတွင် ရောင်းချနေသော ပျားသလက်ဈေးနှုန်းအနေဖြင့် ပျားသလက်မီးကင် တစ်ထုပ်လျှင်(၂၀၀၀)ကျပ်နှုန်း၊ (၃)ထုပ်လျှင် (၅၅၀၀)ကျပ်၊ ပျားသလက် အစိမ်းတစ်ထုပ်လျှင် (၁၅၀၀)ကျပ်ဖြင့်ရောင်းချရပြီး၊ ပျားရည်ပါ ရောင်းချရသည့်အတွက် မိသားစုဝင်ငွေရရှိကာ အဆင်ပြေလျက်ရှိကြောင်း ပျားရှာသူတစ်ဦးထံမှ သိရှိရပါသည်။

DOCA(စစ်ကိုင်း)