ပြည်တွင်းကုန်သွယ်မှုသတင်းများ
အောင်လံကုန်စည်ဒိုင်တွင် နှမ်းဈေးကွက်အနေဖြင့် နှမ်းနက်(စမုံ)မှာ (၄၅)ပိဿာ(၁)အိတ်လျှင် ယခင်အပတ် (၇-၆-၂၀၂၃)ရက်နေ့တွင် ကျပ်(၃၀၀၀၀၀မှ ၃၂၀၀၀၀)ဖြစ်ပြီး ယခုအပတ် (၁၃-၆-၂၀၂၃)ရက်နေ့တွင် ကျပ်(၂၈၀၀၀၀မှ ၃၀၀၀၀၀)ဖြစ်၍ ကျပ်(၂၀၀၀၀)ဈေးလျော့ခဲ့ပြီး (၇၅၀)အိတ် အရောင်းအဝယ်ရှိခဲ့ပါကြောင်း အောင်လံကုန်စည်ဒိုင်မှသိရှိရပါသည်။
မကွေးတိုင်းဒေသကြီး၊ ချောက်မြို့နယ်၊ ဂွေးပင်ချိုကျေးရွာတွင် နှမ်းလှော်လုပ်ငန်းကို အိမ်တွင်း စီးပွားရေးအဖြစ် တစ်နိုင်တစ်ပိုင် လုပ်ကိုင်ကြပြီး အဆင်ပြေလျက်ရှိကြောင်း သိရပါသည်။
၂၀၂၃ ခုနှစ် ဇွန်လ တတိယအပတ်အတွင်း မုံရွာမြို့နယ်အတွင်း အခြေခံစားကုန်များ ဖြစ်သော ရွှေဘိုပေါ်ဆန်းဆန်တစ်ပြည် (၄၃၀၀) ကျပ်၊ ဧရာမင်းဆန်တစ်ပြည် (၄၁၀၀) ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိပါသည်။ စားအုန်းဆီ တစ်ပိဿာလျှင် (၆၆၀၀) ကျပ်၊ မြေပဲဆီ တစ်ပိဿာလျှင် (၁၃၅၀၀)ကျပ်၊ နှမ်းဆီ တစ်ပိဿာလျှင် (၁၂၀၀၀) ကျပ်တို့ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရ
စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာ၊ မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်ဦးစီးမှူးရုံးမှ ဒုဦးစီးမှူးဒေါ်လှိုင်ဥမ္မာဦးသည် တိုင်းဒေသကြီးဦးစီးမှူးနှင့် ခရိုင် ဦးစီးမှူးတို့၏လမ်းညွှန်ချက်အရ ပခုက္ကူမြို့နယ်အတွင်းရှိ ချောက်ကန်ကျေးရွာအုပ်စုရှိ အနောက် ချောက်ကန်ကျေးရွာရှိ စိုက်ပျိုးတောင်သူတစ်ဦးထံသို့
စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်ဦးစီးမှူးရုံးမှ ဒု-ဦးစီးမှူး ဒေါ်လှိုင်ဥမ္မာဦးသည် တိုင်းဒေသကြီးဦးစီးမှူးနှင့် ခရိုင်ဦးစီးမှူးတို့၏ လမ်းညွှန်မှုဖြင့် (၁၂.၆.၂၀၂၃)ရက်နေ့၊ နံနက်(၁၀:၀၀)နာရီအချိန်တွင် ပခုက္ကူခရိုင် အမှတ်(၁၅)ရပ်ကွက်ရှိ လက်ရက်ကန်းလုပ်ငန်းရှင် န