Main menu

အထက်မင်းလှမြို့၊ ဇေယျာသီရိဈေး၌ ရာသီစာခဝဲသီးဈေးကျဆင်း

Powered by Drupal

     မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ အထက်မင်းလှမြို့၌ ခဝဲသီးကို မြို့ပတ်ဝန်းကျင်ရှိ ညောင်ပင်သာ၊ ပန်းတော်ပြင်၊ မယ်ဇလီတော၊ ဥယျာဉ်၊ ရွာတော စသည့်ကျေးရွာများ၌ အိမ်ခြံဝန်း များအတွင်း တစ်နိုင်တစ်ပိုင်စိုက်ပျိုးကြသလို ယာမြေ၊ ကိုင်းမြေများတွင် အခြားသီးနှံများနှင့်အတူ ရော၍လည်း စိုက်ပျိုးကြကြောင်း သိရသည်။ 

    ဇေယျာသီရိဈေး၌ ခဝဲသီး သီးနှံသည် ၂၀၂၅ခုနှစ်၊ ဇွန်လ(စတုတ္ထပတ်)မှ စတင်၍ ဝင်ရောက် အရောင်းအဝယ်ဖြစ်ခဲ့ကြောင်း၊ ဇူလိုင်လ(တတိယပတ်)တွင် ခဝဲသီး(၁)တောင့်လျှင် (အတောင့် အတို/ အရှည်)ပေါ်မူတည်၍ ကျပ်(၃၀၀-၄၀၀)ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိပြီး ယခင်စပေါ်အချိန် ဇွန်လ(စတုတ္ထပတ်)တွင် (၁)တောင့်လျှင် ကျပ်(၅၀၀-၇၀၀)ဖြင့် အရောင်းအဝယ်ဖြစ်ခဲ့ရာ ဈေးနှုန်း နှိုင်းယှဉ်ပါက ယခုတစ်ပတ်တွင် ကျပ်(၂၀၀-၃၀၀)ဈေးကျဆင်း၍ အရောင်းအဝယ်ဖြစ်လျက်ရှိ ကြောင်း သိရသည်။ မိုးရာသီကာလ၏ ရာသီစာသီးနှံဖြစ်သည့်ခဝဲသီးသည် ယခုအချိန်တွင် ဒေသ တွင်းကျေးရွာများရှိ ခဝဲသီးစိုက်ခင်းများလှိုင်လှိုင်ထွက်ရှိနေသည့်အတွက် ဈေးနှုန်းမှာကျဆင်းရခြင်း ဖြစ်ကြောင်း သိရှိရသည်။

DOCA(မကွေး)