Main menu

မကွေးဈေးကွက်၏ နှမ်းဈေးနှုန်းအခြေအနေ

Powered by Drupal

 မကွေးတိုင်းဒေသကြီး၊မကွေးခရိုင်၊ မကွေးဈေးကွက်သို့ မြို့နယ်အတွင်းရှိ မိကျောင်းရဲ၊ လျောင်းတော်ဦး၊ ကံသစ်၊ ရွာဟောင်းကန်၊ သစ်ရာကောက် စသည့်ကျေးရွာများနှင့် မြို့သစ်၊ နတ်မောက်မြို့တို့မှထွက်ရှိသော နှမ်းမျိုးစုံနှင့် အခြားပဲမျိုးစုံများ ဝင်ရောက်ရောင်းဝယ် ဖောက်ကား လျက်ရှိပါသည်။

          ၂၀၂၅ခုနှစ်၊ ဇူလိုင်လ(တတိယပတ်)တွင် နှမ်းနီ()တင်းလျှင် ကျပ်(၁၁၅၀၀၀) နှမ်းဖြူ (၁)တင်းလျှင် ကျပ်(၁၁၂၀၀၀) နှမ်းနက်(စမုံ) ()တင်းလျှင် ကျပ်(၂၇၀၀၀၀) နှမ်းညိုကြား() တင်းလျှင် ကျပ်(၉၀၀၀၀)ဖြစ်၍ ယခင်(ဒုတိယပတ်)နှင့်နှိုင်းယှဉ်ပါက နှမ်းဖြူ ကျပ်(၂၀၀၀)၊ နှမ်းညို ကြား ကျပ်(၁၀၀၀၀)ဈေးနှုန်းကျဆင်းခဲ့ပြီး နှမ်းနီကျပ်(၅၀၀၀)ဈေးနှုန်းမြင့်တက်ခဲ့ကြောင်း၊  တစ်ပတ်အတွင်း မကွေးမြို့မှမန္တလေးမြို့သို့ အိတ်ရေ(၃၀၀၀)၊ ပဲခူးမြို့သို့ အိတ်ရေ(၂၀၀၀)တင်ပို့ခဲ့ပြီး တန်ချိန်အားဖြင့် (၅၀၀)တန်ခန့် အရောင်းအဝယ်ဖြစ်ခဲ့ကြောင်း သိရသည်။

DOCA(မကွေး)