ပြည်တွင်းကုန်သွယ်မှုသတင်းများ
အုတ်တွင်းမြို့၊ မဲကုန်းရပ်ကွက်၊ စစ်တောင်းလမ်းရှိ လူထုဆီစက်သည် ဒေသတွင်းမှထွက်ရှိသည့် နေကြာ၊ မြေပဲနှင့်နှမ်းများကို လာရောက်ကြိတ်ခွဲသူများရှိပါက နဝလီကြိတ်ခွဲပေးခြင်း၊ လာရောက်ရောင်းချသူများထံမှဝယ်ယူ၍ ကြိတ်ခွဲခြင်းဖြင့် လည်ပတ်လျက်ရှိပါသည်။
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့၏အရှေ့ဘက်ရှိ ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်မှ ဒူးရင်းသီးများအား တောင်ငူမြို့၊ ညောင်ပင်ဈေးတွင် ရောင်းချလျက်ရှိနေပါသည်။ သင်္ကြန်ကာလအတွင်းမှစ၍ ၎င်းဒူးရင်းသီးများကို လိုက်ထရပ်ကားများဖြင့်သယ်ယူ၍ စတင်ရောင်းချကြပါသည်။
စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာနအနေဖြင့် စားသုံးသူကာကွယ်ရေးလုပ်ငန်းများအပြင် အခြေခံစားကုန်ဈေးနှုန်းများကို အပတ်စဉ် မေးမြန်းတင်ပြလျက်ရှိပါသည်။
ပြည်ခရိုင်တွင် (၂၀၂၃-၂၀၂၄) ခုနှစ်၊ နွေစပါးစိုက်ပျိုးပြီးစီးမှုအခြေအနေမှာ ပြည်မြို့နယ်အနေဖြင့် (၁၆၄၄၀)ဧက၊ ပေါက်ခေါင်းမြို့နယ်တွင် (၁၀၄၂၄) ဧက၊ ပန်းတောင်းမြို့နယ်တွင် (၉၃၉) ဧက၊ ရွှေတောင်မြို့နယ်တွင် (၁၉၁၂) ဧကစိုက်ပျိုးပြီး ပြည်ခရိုင်အနေဖြင့် စုစုပေါင်းနွေစပါးစိုက်ပျိုးဧကမှာ (၃၀၇၁၅) စိုက်ပျိုးပြီးဖြစ်ပါသည်။ နွေစပါးအမျိုးအစားတ
ပြည်မြို့နယ်၏ အနီးအနားပတ်ဝန်းကျင်ဒေသများဖြစ်သော စက်မှုဇုန်၊ အောင်မြေမာဟု၊ ဇီးအုပ်၊ နတ်တလင်း၊ မြောင်းငယ်လှ စသည့်နေရာဒေသများတွင် ဧပြီလ၊ နောက်ဆုံးအပတ်မှစ၍ စိန်တလုံးသရက်သီးများစတင်ထွက်ရှိပြီး ပြည်မြို့၊ မြို့မဈေးကြီးနှင့် အောင်မင်္ဂလာဈေး၊ ကသည်ဈေး၊ ကိုးသောင်းဈေးအစရှိသောဈေးများသို့ ဝင်ရောက်မှုရှိနေကြောင်း သိရပါသည်။ စိန်တစ်လုံးသရ