
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ မြိတ်မြို့နယ်တွင် ဆိပ်ငယ်ဈေးကြီးနှင့် ရှမ်းချောင်း ကုန်စိမ်းဈေးအတွင်း သံပရာသီးနှင့် သံပယိုသီးများမှာ ယခုပတ်တွင် ပိုမိုဝင်ရောက်၍ အရောင်း သွက်နေကြောင်း သိရှိရပါသည်။ သံပရာသီးနှင့် သံပယိုသီးသည် မိုးရာသီတွင် ပိုမိုထွက်ရှိ၍ ဆောင်းရာသီတွင် ထွက်ရှိမှုနည်းပါးသောကြောင့် ဈေးနှုန်းများအနည်းငယ်မြှင့်တက်ကြောင်း ကုန်စိမ်းရောင်းသူတစ်ဦးထံမှ သိရှိရပါသည်။ သံပရာသီးနှင့် သံပယိုသီးများကို သံပရာဖျော်ရည်၊ သံပရာယို၊ အသုပ်မျိုးစုံနှင့် သရေစာတို့တွင် ထည့်သွင်းစားသုံးပြီး လူသုံးကုန်နှင့် ကျန်းမာရေး အတွက်လည်းသုံးစွဲခြင်းကြောင့် သံပုရာသီးကို သုံးစွဲသူများ များပြားကြကြောင်းလည်း သိရှိရပါသည်။
၂၀၂၅ခုနှစ် ယခင်ဇွန်လပတ်တွင် သံပရာသီးတစ်လုံးလျှင် (၂၀၀)ကျပ်ထိရှိပြီး ယခုဇူလိုင်လပတ်တွင် တစ်လုံးလျှင်(၅၀)ကျပ်ထိ ကျဆင်းသွားကြောင်း ကုန်စိမ်းရောင်းသူ တစ်ဦးထံမှ သိရှိရပါသည်။
DOCA(တနင်္သာရီ)