Main menu

ခရမ်းချဉ်သီးစျေးနှုန်းစျေးကွက်

Powered by Drupal

    မန္တလေးစျေးကွက်သို့      မိုးရာသီအတွင်း ခရမ်းချဉ်သီးဝင်ရောက်မှုလျော့နည်းသည့်အတွက်   စျေးအနည်းငယ်မြင့်သွားကြောင်း   သိရပါသည်။     ခရမ်းချဉ်သီးဝင် ရောက်မှု အနေဖြင့် အမရပူရ၊ ပုသိမ်ကြီး၊မတ္တရာ၊ကျောက်ဆည်၊ မြစ်သား၊ စဉ့်ကိုင်၊  တံတားဦးဒေသ နှင့်  စစ်ကိုင်းတိုင်း ဒေသကြီး တို့ မှ ကိုင်းသီးနှင့် ဘောလုံးသီးများဝင်ရောက်ပြီး၊   ရှမ်းပြည်နယ် တောင်ပိုင်းဒေသများမှ ခရမ်းချဉ် သီး(အင်းသီး)များ ဝင်ရောက်လျက် ရှိပါသည်။ မန္တလေးစျေးချို၊ ကိုင်းတန်းစျေးရှိ ခရမ်းချဉ် သီးပွဲရုံ များ၊သီရိမာလာစျေး(ပိုက်ကျုံးစျေး) နှင့် ၄၁လမ်း၊   ကမ်းနားလမ်း ရှိ ကုန်စိမ်း လက္ကားစျေးတို့ တွင် ခရမ်းချဉ်သီးအား ခေါင်သီးနှင့် အလတ်စသီးဟူ၍   အမျိုးအစားခွဲခြား  ရောင်းချလျက်ရှိပါသည်။  ၂၀၂၅ ခုနှစ်  ဇူလိုင်လဒုတိယပတ်အတွင်း   ဖြစ်ပေါ်လျက်ရှိသော   လက္ကားစျေးအနေဖြင့် အင်းသီး တစ်သေတ္တာ(၂၀ ပိဿာပါ)လျှင် ၇၅၀၀၀ ကျပ်နှင့် ၈၅၀၀၀ ကျပ်၊ လက်လီစျေးအနေဖြင့် ခရမ်းချဉ် သီး ဘောလုံးသီးနှင့် အင်းသီး တစ်ပိဿာလျှင် ၅၀၀၀ ကျပ်နှင့် ၅၅၀၀ ကျပ်၊   ဗမာသီးတစ်ပိဿာ လျှင် ၆၀၀၀ ကျပ်နှင့် ၆၅၀၀ ကျပ်စျေးတို့ဖြစ်ရောင်းချ လျက်ရှိကြောင်း သိရပါသည်။

DOCA(မန္တလေး)