ပြည်တွင်းကုန်သွယ်မှုသတင်းများ
စစ်ကိုင်းတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ ကန့်ဘလူမြို့နယ်တာဝန်ခံရုံးသည် စားသုံးသူကာကွယ်ရေးလုပ်ငန်းများကိုဆောင်ရွက်လျက်ရှိသည့်အပြင် စားသုံးသူများ နေ့စဉ်ဝယ်ယူ သုံးစွဲလျက်ရှိသည့် အခြေခံစားသောက်ကုန်များ၏ ဈေးနှုန်းဈေးကွက်အခြေအနေများကိုလေ့လာ၍ အပတ်စဉ်၊ လစဉ် အထက်အဆင့်ဆင့်သို့ တင်ပြဆောင်ရွက်လျက်ရှိပါသည်။
ယခင်နိုဝင်ဘာလ(ပထမပတ်)တွင် စစ်ကိုင်းတိုင်းဒေသကြီးမှ အခြားတိုင်းဒေသကြီးများသို့ ဆန်စီးထွက်မှုမှာ ရန်ကုန်သို့ အိတ်ရေ ၄၃၂၆၉၊ မန္တလေးသို့ အိတ်ရေ ၃၅၅၇၅၊ နေပြည်တော်သို့ အိတ်ရေ ၁၁၆၈၊ ရှမ်း (တောင်)သို့ အိတ်ရေ ၁၇၁၀၉၊ ကျောက်ပန်းတောင်းသို့ အိတ်ရေ ၃၆၀၅၊ မိတ္ထီလာသို့ အိတ်ရေ ၆၂၆၆၊ တောင်ငူသို့ အိတ်ရေ ၃၇၀၊ ပဲခူးသို့ အိတ်ရေ ၄၂၁၅၊ မ
ဧရာဝတီတိုင်းဒေသကြီး မအူပင်ခရိုင် ဓနုဖြူမြို့နယ်မှ ဆန်စပါးများ ကြိတ်ခွဲထွက်ရှိနေပြီး ၊ ဆန်ကွဲများကို ရန်ကုန်မြို့သို့ ပြီးခဲ့သောလ အောက်တိုဘာလ တစ်လအတွင်း ဆန်ကွဲ ၂၄ ပြည်ဝင် အိတ်ရေ ၈၅၀၀၀ ထိ တင်ပို့ရောင်းချနိုင်ခဲ့ကြောင်း ဓနုဖြူမြို့နယ် ဆန်စပါးရောင်းဝယ်ရေး လုပ်ငန်းပိုင်ရှင် တာဝန်ရှိသူ၏ ပြောပြ၍ သိရသည်။ စက်တင်ဘာလအတွင်းက ဓနုဖြူမှ
ပေါင်မြို့နယ်တွင် စပါးစိုက်ခင်းများ၌ မိုးစပါးများရိတ်သိမ်းနေပြီးဖြစ်ရာ စပါးကုန်သည်များက ကိုယ်စားလှယ်များစေလွှတ်၍ အောက်ဘက်ကွင်းများအထိ လိုက်လံဝယ်ယူလျက်ရှိကြောင်း သိရသည်။
မကွေးတိုင်းဒေသကြီး၊ အထက်မင်းလှမြို့၊ ဇေယျာသီရိဈေးတွင် ကြက်သွန်ဖြူကို မကွေးမြို့၊ မင်းဘူးမြို့၊ ရှမ်းပြည်နယ်၊ အောင်ပန်းမြို့နှင့် တောင်တွင်းကြီးမြို့တို့မှ မှာယူရောင်းချကြောင်းသိရသည်။