ပြည်တွင်းကုန်သွယ်မှုသတင်းများ
ပေါင်မြို့နယ်တွင် စပါးစိုက်ခင်းများ၌ မိုးစပါးများရိတ်သိမ်းနေပြီးဖြစ်ရာ စပါးကုန်သည်များက ကိုယ်စားလှယ်များစေလွှတ်၍ အောက်ဘက်ကွင်းများအထိ လိုက်လံဝယ်ယူလျက်ရှိကြောင်း သိရသည်။
မကွေးတိုင်းဒေသကြီး၊ အထက်မင်းလှမြို့၊ ဇေယျာသီရိဈေးတွင် ကြက်သွန်ဖြူကို မကွေးမြို့၊ မင်းဘူးမြို့၊ ရှမ်းပြည်နယ်၊ အောင်ပန်းမြို့နှင့် တောင်တွင်းကြီးမြို့တို့မှ မှာယူရောင်းချကြောင်းသိရသည်။
မကွေးတိုင်းဒေသကြီး၊ အထက်မင်းလှမြို့၊ ဇေယျာသီရိဈေးတွင် ခရမ်းချဉ်သီးကို ဒေသတွင်းကျေးရွာများဖြစ်သော ပန်းတော်ပြင်၊ ဥယျာဉ်၊ မယ်ဇလီတောနှင့် ရွာတော် စသည့်ကျေးရွာများအပြင် မကွေးမြို့၊ မင်းဘူးမြို့၊ တောင်တွင်းကြီးမြို့၊ သရက်မြို့နှင့် ရှမ်းပြည်နယ်၊ အောင်ပန်းမြို့၊ တောင်ကြီးမြို့တို့မှ မှာယူရောင်းချကြောင်းသိရသည်။
မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ မကွေးဈေးကွက်သို့ မြို့နယ်အတွင်းရှိ မိကျောင်းရဲ၊ လျောင်းတော်ဦး၊ ကံသစ်၊ ရွာဟောင်းကန်၊ သစ်ရာကောက် စသည့်ကျေးရွာများနှင့် စလင်း၊ ဆင်ဖြူကျွန်း၊ မင်းဘူး၊ မြို့သစ်၊ နတ်မောက်မြို့တို့မှထွက်ရှိသော ပဲတီစိမ်း၊ ပဲနှောက်၊ ကုလားပဲ၊ ပဲကြီး၊ စားတော်ပဲ၊ မတ်ပဲနှင့် အခြားပဲမျိုးစုံများ ဝင်ရောက်ရောင်းဝယ်ဖောက်ကားလျက်ရှိပါသည်။<
မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ မကွေးဈေးကွက်သို့ မြို့နယ်အတွင်းရှိ မိကျောင်းရဲ၊ လျောင်းတော်ဦး၊ ကံသစ်၊ ရွာဟောင်းကန်၊ သစ်ရာကောက် စသည့်ကျေးရွာများနှင့် စလင်း၊ ဆင်ဖြူကျွန်း၊ နတ်မောက်မြို့တို့မှထွက်ရှိသော နှမ်းမျိုးစုံနှင့် အခြားပဲမျိုးစုံများ ဝင်ရောက်ရောင်းဝယ်ဖောက်ကားလျက်ရှိပါသည်။