ပြည်တွင်းကုန်သွယ်မှုသတင်းများ
၂၀၂၃ခုနှစ်၊ အောက်တိုဘာလ တတိယပတ်တွင် ပြည်ခရိုင်၊ ပြည်မြို့ရှိ အခြေခံစားကုန်များဖြစ်သည့် ဧည့်မထဆန်တစ်ပြည်လျှင် ၃၀၀၀ ကျပ် ၊ ဆီ တစ်ပိဿာ ၁၄၀၀၀ ကျပ်၊ နှမ်းဆီ တစ်ပိဿာလျှင် ၁၂၅၀၀ ကျပ်နှင့် စားအုန်းဆီ တစ်ပိဿာလျှင် ၅၃၀၀ ကျပ်၊ စားဖိုဆောင်သုံး သီးနှံများဖြစ်သည့် ငရုတ်သီးခြောက် တစ်ပိဿာလျှင် (အရှည်၊ အပု) ၁၈၀၀၀ ကျပ် ၊ ကြက်သွန်နီ တစ်ပိဿ
ရန်ကုန်တိုင်းဒေသကြီးသို့ ပြည်နယ်နှင့် တိုင်းဒေသကြီးအသီးသီးမှဝင်ရောက်လာသည့် ကြက်သွန်နီများသည် အနောက်ပိုင်းခရိုင်၊ စားသုံးသူရေးရာဦးစီးဌာန၏ ကွပ်ကဲမှုအောက်ရှိ ဘုရင့်နောင်ကုန်စည်ဒိုင်သို့ နေ့စဉ် မော်တော်ယာဉ်များဖြင့် ဝင်ရောက်လျက်ရှိပါသည်။ ပွဲရုံများ၏ ကြက်သွန်နီလက်ကျန်အခြေအနေတို့ကို အမှန်ကန်ဆုံးသိရှိနိုင်ရန်အတွက် ဘုရင့်နောင်ပွဲ

(၁၄-၁၀-၂၀၂၃) ရက်နေ့တွင် ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ဥက္ကလာပမြို့နယ်၌ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှကျင်းပပြုလုပ်သော သီတင်းကျွတ်အကြို အသေးစားစက်မှုလက်မှုထုတ်ကုန်ပစ္စည်းပြပွဲနှင့် ဈေးရောင်းပွဲ (ရန်ကုန်) ဖွင့်ပွဲအခမ်းအနားသို့ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ်တက်ရောက်၍ အဖွင့်အမှာစကားပြောကြားခဲ့ ပါသည်။

ဈေးကွက်အတွင်းတွင် အိမ်ရှင်မများချက်ပြုတ်စားစရာ အရန်ဟင်းတစ်မျိုးဖြစ်သော ငွေနှင်းမှိုကို ရောင်းချလျက်ရှိရာ ငွေနှင်းမှိုအား စိုက်ပျိုး၍ရောင်းချသူများအနေဖြင့် မှိုမျိုးစေ့ထုတ် တစ်ထုပ်လျှင် (၇၅၀)ကျပ်ဖြင့်ဝယ်ယူ၍ မိမိအိမ်တွင် တနိုင်တပိုင်စိုက်ပျိုးရောင်းချကြသဖြင့် တစ်ဖက်တစ်လမ်းမှ ဝင်ငွေရရှိနေသော စီးပွားရေးလုပ်ငန်းတစ်ခုဖြစ်ပါသည်။

ပြည်မြို့နယ်ရှိ ဈေးကွက်များတွင် ဒေသထွက်ပန်းဂေါ်ဖီမျိုးများ စတင်ရောင်းချနေကြနေကြပြီ ဖြစ်ပါသည်။ ပန်းဂေါ်ဖီကို ပြည်မြို့နယ်ရှိ ကျေးရွာများနှင့် ပြည်မြို့ဒေသတစ်ဝိုက်ရှိ မှော်ဇာ၊ တောင်လုံးညို၊ ပုတီးကုန်းမြို့ရှိ ကျေးရွာများတွင် စိုက်ပျိုးကြပြီး ပြည်မြို့နှင့် ရန်ကုန်မြို့ရှိ ကုန်စိမ်းဈေးများသို့ တင်ပို့ရောင်းချကြပါသည်။ ပေါ်ဦးပ
