Main menu

တနင်္သာရိတိုင်းဒေသကြီး၊ မြိတ်မြို့ပေါ်ရှိ ပဲတောင့်ရှည်ဈေးနှုန်း

Powered by Drupal

     တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ မြိတ်မြို့နယ်အတွင်းရှိ ‌ကျေးရွာများနှင့် မြို့ပေါ်ရပ်ကွက်များတွင် စိုက်ပျိုးရေးလုပ်ငန်းကို လုပ်ကိုင်စားသောက်ကြပါသည်။ စားဖိုဆောင်သီးနှံတစ်မျိုးဖြစ် သည့် ပဲသီးကိုလည်း တစ်နိုင်တစ်ပိုင် စိုက်ပျိုးလျက်ရှိပါသည်။ ထွက်ရှိလာသော သီးနှံများကို ဆိပ်ငယ်ဈေးကြီး၊ ရှမ်းချောင်းကုန်စိမ်းဈေးနှင့် တခြားဈေးငယ်များသို့ ပို့ဆောင်ပြီးရောင်းချကြကြောင်း သီးနှံစိုက်ပျိုးသော တောင်သူတစ်ဦးထံမှ သိရှိရပါသည်။

     ယခု ၂၀၂၅ ခုနှစ်၊ မေလနောက်ဆုံးပတ်အတွင်း ဖြစ်ပေါ်နေသော ပဲသီးဈေးနှုန်းမှာ အစည်းငယ်တစ်စည်းလျှင် ၇၀၀ ကျပ်နှင့် ၈၀၀ ကျပ်ထိရှိပြီး အစည်းကြီးတစ်စည်းလျှင် ၃,၅၀၀ ကျပ်နှင့် ၄,၀၀၀ ကျပ်ထိ ရောင်းချနေကြောင်း ဈေးကြီးတွင် ကုန်စိမ်းရောင်းချနေသူတစ်ဦးထံမှ သိရှိရပါသည်။

DOCA (တနင်္သာရီ)