Main menu

တနင်္သာရီတိုင်း‌ဒေသကြီး၊ မြိတ်မြို့ပေါ်ရှိ ခရမ်းချဥ်သီးဈေးနှုန်း

Powered by Drupal

     တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ မြိတ်မြို့ပေါ်ရှိ ရှမ်းချောင်းကုန်စိမ်းဈေးသို့ ရှမ်းပြည်နယ် (တောင်ပိုင်း) အင်းလေး၊ အောင်ပန်းနှင့် အခြားဒေသများမှာ ယခင်လထက် ပိုမိုဝင်ရောက်လာကြောင်း သိရှိရပါသည်။ မြိတ်မြို့အတွင်းရောင်းချနေသည့် ခရမ်းချဥ်သီးများကို ရှမ်းပြည်နယ် (တောင်ပိုင်း)တွင် အဓိကထား၍ မှာယူဖြန့်ဖြူးရောင်းချရခြင်းဖြစ်ကြောင်း သိရှိရပါသည်။ ဗမာခရမ်းချဥ်သီးမှာ အခွံပါးပြီး အနှစ်များသော်လည်း တာရှည်အထားခံမှုမရှိ၍ ဈေးကွက်အတွင်း ဝယ်ယူသူ နည်းခြင်းကြောင့် တောင်သူများစိူက်ပျိုးမှုနည်း၍ ဈေးကွက်သို့ဝင်ရောက်မှုနည်းကြောင်းလည်း သိရှိရပါသည်။ ထိုင်ဝမ်ခရမ်းချဥ်သီးမျိုးမှာ အခွံထူ၍ အထားခံသောကြောင့် ပိုမိုဝယ်ယူကြကြောင်းလည်း သိရှိရပါသည်။

    ၂၀၂၅ခုနှစ်၊ ယခင် မေလတတိယပတ်တွင် မြိတ်မြို့ပေါ်ရှိ ခရမ်းချဥ်သီးဈေးနှုန်းမှာ ၅,၀၀၀ ကျပ်နှင့် ၅,၅၀၀ ကျပ်ထိရှိပြီး ယခုမေလနောက်ဆုံးပတ်တွင် ၃,၅၀၀ ကျပ်ထိ ကျဆင်းသွားကြောင်း သိရှိရပါသည်။

DOCA (တနင်္သာရီ)