ပြည်တွင်းကုန်သွယ်မှုသတင်းများ
ပခုက္ကူမြို့၌ ၂၀၂၃ခုနှစ်၊ ဇွန်လ ပထမပတ်တွင် ဘိလပ်မြေဈေးကွက်မှာ အရောင်းအဝယ်ပုံမှန်ရှိပြီး ဈေးနှုန်းမှာလည်း မေလနောက်ဆုံးပတ်အတိုင်း ကြံ့နှစ်ကောင် ဘိလပ်မြေတစ်အိတ်လျှင် ကျပ်(၉၀၀၀)၊ အယ်လဖာ ဘိလပ်မြေ တစ်အိတ်လျှင် ကျပ်(၈၈၀၀)ရှိကြောင်း သိရှိရပါသည်။

တနင်္သာရီတိုင်းဒေသကြီးတွင် ရော်ဘာများကို အဓိကထားစိုက်ပျိုးလျက်ရှိပြီး စိုက်ပျိုးဧရိယာမှာ (၃၅၁၇၇၇)ဧက၊ အစေးလှီးဧရိယာမှာ (၂၀၂၇၁၉)ဧက၊ အထွက်နှုန်းမှာ (၅၀၂.၂၁) ပေါင်ရှိပြီး တစ်နှစ်စာပျှမ်းမျှ အထွက်တန်မှာ (၄၇၈၃၄) မက်ထရစ်တန်ရှိကြောင်း သိရှိရသည်။

မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင်၊ ကျောက်ပန်းတောင်းမြို့နယ်တွင် ဆီထွက်သီးနှံ ဖြစ်သည့် မိုးမြေပဲကို အဓိကစိုက်ပျိုးလျက်ရှိပြီး ဆောင်းမြေပဲကို အနည်းငယ်သာစိုက်ပျိုးမှုရှိပါသည်။ ၂၀၂၂-၂၀၂၃ ခုနှစ်တွင် မိုးမြေပဲကို (၆၁၂၆၈)ဧက စိုက်ပျိုးခဲ့ပြီး တစ်ဧက ပျမ်းမျှအထွက်နှုန်း (၄၂.၂၅) တင်းနှုန်းဖြင့် တင်းပေါင်း(၂၅၈၈၅၇၃)တင်း ထွက်ရှိခဲ့ပါသည်။

ညောင်ဦးမြို့နယ်တွင် ၂၀၂၃ ခုနှစ်၊ မေလတတိယပတ်မှ စတင်၍ မိုးသီးနှံများဖြစ်သော ပဲတီစိမ်း၊ ပဲစင်းငုံ၊ မြေပဲ၊ နှမ်းစသည့်သီးနှံများကို တောင်သူများ စတင်စိုက်ပျိုးလျက်ရှိပါသည်။ ယခုနှစ်တွင်သီးနှံများ စိုက်ပျိုးမှုလျာထားချက်များအနေဖြင့် ပဲတီစိမ်း(၁၇၁၈၀)ဧက၊ ပဲစင်းငုံသီနှံ(၁၂၂၉၀)ဧက၊ မြေပဲ (၉၂၁၀၁)ဧက၊ နှမ်း(၁၅၅၄၀)ဧကတို့ လျာထားပြီး စိုက်ပျိုး

၂၀၂၃ ခုနှစ်၊ မေလ (နောက်ဆုံးပတ်) အတွင်း မိတ္ထီလာကုန်စည်ဒိုင်၌ ဖြစ်ပေါ်နေသော သီးနှံစျေးနှုန်းအခြေအနေများမှာ နှမ်းဆီတစ်ပိဿာလျှင် (၁၃၀၀၀) ကျပ်၊ မြေပဲဆီတစ်ပိဿာလျှင် (၁၃၅၀၀-၁၄၀၀၀)ကျပ် နေကြာဆီတစ်ပိဿာလျှင် (၁၂၅၀၀-၁၃၀၀၀) ကျပ်၊ စားအုန်းဆီ တစ်ပိဿာ လျှင်(၆၃၂၅)ကျပ်၊ နှမ်း ဖတ် တစ်ပိဿာလျှင် (၂၆၅၀) ကျပ်၊ ပဲဖတ်တစ်ပိဿာလျှင် (၃၂၅၀-၃၃၀၀) ကျပ်၊ နေ