
မန္တလေးကုန်စိမ်းစျေးကွက်သို့ မေလပထမပတ်အတွင်း ပဲစိမ်းအစိုစျေးကွက်တွင် ထောပတ်ပဲစိမ်း၊ ပဲကြီးအစို၊ စားတော်ပဲစိမ်း၊ ပဲစာဥ၊ ပဲလိပ်ပြာ၊ ပဲစင်းငုံ၊ ရွှေပဲသီးတို့နှင့်အတူ နွေပဲသီးများ ဝင်ရောက်မှုအနည်းငယ်ကျဆင်းသွားကြောင်း သိရပါတယ်။ မန္တလေးဒေသတွင်းမြို့နယ်များမှ ထွက် သည့်ကုန်စိမ်းများ၊ စစ်ကိုင်းတိုင်းဒေသကြီးနှင့် ရှမ်းပြည်နယ်ဒေသထွက်ကုန်စိမ်းများ ဝင်ရောက်မှု များပြီး၊ ကျန်ဒေသများမှလည်း ဝင်ရောက်ကြောင်းသိရပါတယ်။ ၂၀၂၅ခုနှစ်မေလပထမပတ် အတွင်း ကုန်စိမ်းသီးနှံပဲအစို မျိုးစုံဝင်ရောက်လျက်ရှိပြီး၊ နွေပဲသီးပေါက်စျေးအနေဖြင့် လက္ကားစျေး တစ် ပိဿာလျှင် ၂၅၀၀ ကျပ်နှင့် ၃၀၀၀ ကျပ်၊ လက်လီစျေးတစ်ပိဿာလျှင် ၄၀၀၀ကျပ်နှင့် ၅၀၀၀ ကျပ် တို့ဖြင့် အရောင်းသွက်လျက်ရှိကြောင်း သိရပါတယ်။သီရိမာလာစျေးအတွင်း ၂၀၂၅ခုနှစ် မေလပထမ ပတ်အတွင်း ပဲစိမ်းအစိုမျိုးစုံအပါအဝင် ကုန်စိမ်းသီးနှံဝင်ရောက်မှုမှာ ကုန်စည် အမျိုး အစားအလိုက် Canter (၁၂ ဘီး နှင့် ၆ ဘီး) ယာဉ် (၂၈၀)စီး နှင့် (၄၂၀)စီးအကြား ဝင်ရောက်လျက်ရှိကြောင်း သိရပါတယ်။
DOCA(မန္တလေး)