Main menu

ကုန်စိမ်းစျေးကွက်ရှိပဲလိပ်ပြာ

Powered by Drupal

              မေလပထမပတ်အတွင်း မန္တလေးကုန်စိမ်းစျေးကွက်သို့ ထောပတ်ပဲစိမ်း၊ ပဲကြီး(ပဲစိမ်း)၊ စားတော်ပဲစိမ်း၊ ပဲစာဥ၊ ပဲစင်းငုံ၊ ရွှေပဲသီး၊ နွေပဲသီးတို့နှင့်အတူ ပဲလိပ်ပြာ(ခေါ်)ပဲစိတ်တိုပဲစိမ်းများ ဝင်ရောက်မှုအနည်းငယ်လျော့နည်းသွားကြောင်း သိရပါတယ်။ စျေးကွက်အတွင်းသို့ မန္တလေး ဒေသတွင်းမြို့နယ်များမှ ထွက်သည့်ကုန်စိမ်းများ၊ စစ်ကိုင်းတိုင်းဒေသကြီးနှင့် ရှမ်းပြည်နယ်ဒေသ ထွက် ကုန်စိမ်းများဝင်ရောက်မှုများပြီး၊ ကျန်ဒေသများမှလည်းဝင်ရောက်ကြောင်း သိရပါတယ်။ မန္တလေးမြို့၊၄၁လမ်းစျေးနှင့် သီရိမာလာစျေးရှိ ကုန်စိမ်းစျေးကွက်တွင်  ၂၀၂၅ခုနှစ်မေလပထမပတ် အတွင်း ပေါက်စျေးအနေဖြင့် ပဲလိပ်ပြာ(ပဲစိမ်းတောင့်)လက္ကားစျေး ၄၅၀၀ ကျပ်နှင့် ၅၀၀၀ ကျပ်၊ လက်လီစျေး ၅၅၀၀ ကျပ်နှင့် ၆၀၀၀ ကျပ်၊ ပဲလိပ်ပြာ(ပဲစိမ်း)တစ်ပြည်လျှင်  လက္ကားစျေး ၇၅၀၀ ကျပ် နှင့် ၈၅၀၀ ကျပ်၊ လက်လီစျေး ၉၀၀၀ ကျပ်နှင့် ၉၅၀၀ ကျပ်ဖြင့် အသီးသီး ရောင်းချလျက် ရှိကြောင်း သိရပါတယ်။ သီရိမာလာ စျေးအတွင်း ၂၀၂၅ ခုနှစ်မေလပထမပတ်အတွင်း ပဲစိမ်းမျိုးစုံ အပါအဝင် ကုန်စိမ်းသီးနှံဝင် ရောက်မှုမှာ ကုန်စည်အမျိုးအစား အလိုက် Canter (၁၂ ဘီးနှင့် ၆ဘီး) ယာဉ် (၂၈၀)စီး နှင့် (၄၂၀)စီးအကြား  ဝင်ရောက်လျက်ရှိကြောင်း  သိရှိရပါသည်။

DOCA(မန္တလေး)