ပြည်တွင်းကုန်သွယ်မှုသတင်းများ
မုံရွာကုန်စည်ဒိုင်တွင် ပဲအမျိုးအစားအလိုက် ဈေးနှုန်းများမှာ ယခင်နှစ် ကာလတူဈေးထက် ယခု နှစ် ပဲမျိုးစုံ၊ အစေ့ထုတ်ပြောင်းနှင့် နှမ်းမျိုးစုံဈေးနှုန်းများ ဈေးပိုကောင်းလျက်ရှိပြီး၊ ထောပတ်ပဲဈေးနှုန်း မှာဈေးနှုန်းတူညီနေပြီး၊ စွန်တာနီ/ပြာ တစ်မျိုးသာ ဈေးနှုန်းကျဆင်းခဲ့ကြောင်း ကုန်စည်ဒိုင်ဈေးနှုန်း သတင်းများအရ သိရသည်။

မြန်မာနိုင်ငံတွင် နွေ၊ မိုး၊ ဆောင်း ဟူ၍ ဥတု(၃)ပါးရှိရာ မြူနှင်းများဝေပြီး ခိုက်ခိုက်တုန် အောင်ချမ်းသော ဆောင်းရာသီဖြစ်သည့် နတ်တော်လ၊ ပြာသိုလများတွင် ပဲမြစ်ကို တူးဖော်ရောင်းချ ကြပါသည်။ ပဲမြစ်သည် တစ်နှစ်မှာ တစ်ရာသီသာပေါ်သည့် ရာသီစာဖြစ်ပါသည်။ ဘုရားပွဲများတွင် ဧည့်ခံကျွေးမွေးခြင်း၊ ဘုန်းတော်ကြီးကျောင်းများသို့ အချိုပွဲအဖြစ်ပိ

မြန်မာပြည်အထက်ပိုင်း၏ ဆန်အိုးကြီးဟု တင်စားခေါ်ဝေါ်ကြသည့် စစ်ကိုင်းတိုင်း ဒေသကြီးတွင် ရွှေဘိုပေါ်ဆန်းကို နှစ်စဉ်စိုက်ဧက သုံးသိန်းမှ လေးသိန်း ကြားစိုက်ပျိုး လျက်ရှိကြောင်း၊ ရွှေဘိုခရိုင်၊ ရေဦးခရိုင်၊ ကန့်ဘလူခရိုင်တို့တွင် အများဆုံးစိုက်ပျိုးကြကြောင်း စိုက်ပျိုးရေးဦးစီးဌာန၏ စာရင်း ဇယားများအရသိရှိရပါသည်။ ရွှေဘိုပေါ်ဆန

စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ရွှေဘိုမြို့ စည်ပင်သာယာဈေးကြီးအတွင်း၊ အပြင်၊ ဈေးကြီး အနီးပတ်ဝန်းကျင်နှင့် မြို့ပေါ်ရှိနေရာအသီးသီးတွင် ဆောင်းရာသီပေါ်ပန်းမုန်လာများ ရောင်းချလျက် ရှိကြောင်း သိရှိရသည်။

တမူးနယ်စပ်ကုန်သွယ်ရေးစခန်းအနေဖြင့် ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်အတွက် ကုန်သွယ်မှုလျာ ထားချက်မှာပို့ကုန်ပမာဏ အမေရိကန်ဒေါ်လာသန်းပေါင်း(70.000)၊ သွင်းကုန်ပမာဏ အမေရိကန် ဒေါ်လာသန်းပေါင်း(3.000)၊ စုစုပေါင်း ကုန်သွယ်မှုပမာဏ ကျပ်သန်း(73.000)ဖြစ်ပါသည်။ တမူး နယ်စပ်ကုန်သွယ်ရေးစခန်းမှ အိန္ဒိယနိုင်ငံသို့ ကုန်သွယ်မှုအနေဖြင့် ၂၀၂၂ခုနှစ်၊ ဧပ
