
ပြည်ခရိုင်၊ ပြည်မြို့ရှိဈေးကွက်များအတွင်းသို့ မရမ်းသီးများပေါများစွာ ဝင်ရောက်လာ၍ ဈေးမှာ ယခင်ပေါ်စအချိန်ထက် စာလျှင်ဈေးများ ကျဆင်းလာခဲ့ပါသည်။ မရမ်းသီးများကို ပြည်မြို့ အနီးတဝိုက် မရမ်းသီးပင်များစိုက်ပျိုးထားသည့် ဥယျာဉ်ခြံများမှ ဝင်ရောက်မှုရှိသလို တခြားနယ်မြို့ များမှလည်း လာရောက်ရောင်းချကြောင်းသိရပါသည်။ ဈေးနှုန်းများအနေဖြင့် ယခင်ပေါ်စအချိန်တွင် မရမ်းသီးကောင်း၍ စားရသောအစေ့မတည်သေးသော(အသေးစား) တစ်ပိဿာလလျှင် (၈၀၀၀၀-၁၀၀၀၀၀)ကျပ်၊ (၁၀)ကျပ်သားလျှင် (၈၀၀၀-၁၀၀၀၀)ကျပ်ဈေးဖြင့် ရောင်းချခဲ့ပါသည်။ ပေါ်စအချိန် ဖြစ်၍ မရမ်းသီးထွက်ရှိမှုနည်းသဖြင့် ဈေးများမြင့်တက်ခဲ့ပါသည်။ မရမ်းသီးထွက်ရှိမှု ပေါများ ချိန်တွင် တစ်ပိဿာလျှင် (၃၀၀၀၀)ကျပ်၊ (၁၀)ကျပ်သားလျှင် (၃၀၀၀)ကျပ်ဖြင့် ရောင်းချခဲ့ပြီး အရွယ် အစားမှာလည်း အနည်းငယ်ကြီးလာ၍ ဈေးများကျဆင်းလာ ခဲ့ပါသည်။
ယခုအချိန်တွင် မရမ်းသီးများပေါများစွာထွက်ပေါ်လာ၍ ဈေးမှာ (၁၀)ကျပ်သားလျှင် (၈၀၀) ကျပ်၊ တစ်ပိဿာလျှင် (၈၀၀၀)ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိပါသည်။ ဈေးများပေါလာသဖြင့် စားသုံးသူများအနေဖြင့် မရမ်းသီးဆားရည်စိမ်၊ မရမ်းသီးအခြောက်ပြုလုပ်သူများက ဝယ်ယူကြပါ သည်။ မရမ်းပင်မှာ စတင်စိုက်ပျိုးထားလျှင် နှစ်ပေါင်းကြာမြင့်စွာ အသီးသီး၍ နှစ်စဉ်အကျိုးအမြတ် များလည်း ရရှိနိုင်မည်ဖြစ်ပါသည်။
DOCA(ပဲခူး)