
မြန်မာနိုင်ငံတွင် ဖရဲသီးကို ဒေသအနှံ့အပြား၌စိုက်ပျိုးကြပြီး ဖရဲသီးအများဆုံးစိုက်ပျိုးသော ဒေသများမှာ ပဲခူးတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်း ဒေသကြီးစသည့်ဒေသများတွင် စိုက်ပျိုးကြပါသည်။ ဖရဲသီးသည် ကျန်းမာရေးအတွက် အလွန် ကောင်းမွန်သော ရာသီစာအသီးတစ်မျိုးဖြစ်ပါသည်။ ဖရဲသီးသည် ယခင်က နွေအခါမှသာပေါ်သော ရာသီစာဖြစ်သော်လည်း ယခုအခါတွင် ရာသီအားလုံး၌စိုက်ပျိုးကြပါသည်။
ဖရဲသီးများကို ဝယ်ယူရာတွင် အလုံးအကြီး၊ အလတ်၊ အသေးခွဲ၍ ဝယ်ယူရခြင်းများ ရှိပါသည်။ ပဲခူးတိုင်းဒေသကြီး၊ ပြည်မြို့နယ်၊ ဈေးကြီး၌ ၂၀၂၅ခုနှစ်၊ မတ်လဒုတိယအပတ်တွင် ဖရဲသီးအကြီး တစ်လုံးလျှင် (၅၀၀၀)ကျပ်၊ အလတ်တစ်လုံးလျှင် (၄၀၀၀)ကျပ်၊ အသေးတစ်လုံးလျှင် (၃၀၀၀)ကျပ် ဖြင့် ရောင်းချနေကြောင်း သိရှိရပါသည်။
DOCA(ပဲခူး)