ပြည်တွင်းကုန်သွယ်မှုသတင်းများ
တောင်ငူခရိုင်၊ ဖြူးမြို့နယ်၊ ဇေယျဝတီမြို့၊ လင်းယောခင်ကျေးရွာရှိ ရွာသူ/ရွာသားများသည် လယ်ယာလုပ်ငန်းအပြင် မိရိုးဖလာလုပ်ငန်းဖြစ်သော တာခြင်းတောင်းယက်လုပ်ခြင်းလုပ်ငန်းကိုလည်းလုပ်ကိုင်ကြပါသည်။ အများအားဖြင့် မိသားစုများ တစ်နိုင်တစ်ပိုင်ဝိုင်းဝန်းလုပ်ကိုင်ကြသောလုပ်ငန်းဖြစ်ပါသည်။

တောင်ငူမြို့နယ်၊ ညောင်ပင်လေးဈေးတွင် ရာသီချိန်အလိုက် နာနတ်သီးများရောင်းချလျက်ရှိရာ ပေါ်ဦးပေါ်ဖျားတွင် တစ်လုံးလျှင် (၁၃၀၀)ကျပ်မှ (၂၀၀၀)ကျပ်နှုန်းထိ အရောင်းအဝယ်ဖြစ်လျက်ရှိပါသည်။ နာနတ်သီးသည် အရည်ရွှမ်းပြီး အရသာရှိသည့်အသီးတစ်မျိုးဖြစ်၍ ကျန်းမာရေးအတွက် ကောင်းမွန်သောအကျိုးအာနိသင်များစွာပါဝင်ပါသည်။

တောင်ငူမြို့၊ ညောင်ပင်လေးဈေးရှိ ဟင်းသီးဟင်းရွက်ဈေးနှုန်းများအနေဖြင့် ၂၀၂၃ခုနှစ်၊ မတ်လ(စတုတ္ထပတ်)တွင် ငရုတ်သီးစိမ်း(မိုးထောင်သီး)တစ်ပိဿာလျှင် ၄၀၀၀ကျပ်မှ ၄၅၀၀ ကျပ်ထိရှိပြီး ကုလားအော်သီးစိမ်းတစ်ပိဿာလျှင် ၆၀၀၀ကျပ်ရှိ၍ ယခင်အပတ်အောက် ဈေးနှုန်းအနည်းငယ်ကျဆင်းခဲ့ပါသည်။

မြန်မာလူမျိုးတို့၏ သားရည်စာအဖြစ် စားသုံးသောမုန့်များတွင် ရခိုင်မုန့်တီ (ခေါ်) အာပူလျှာပူလည်း တစ်ခုအပါအဝင်ဖြစ်ပါသည်။ ရခိုင်မုန့်တီ (ခေါ်) အာပူလျှာပူပြုလုပ်ရာတွင် ပါဝင်သောကုန်ကြမ်းပစ္စည်းများမှာ မုန့်တီမုန့်ဖတ်(အသေး)၊ ငါး၊ ငါးပိ၊ ငံပြာရည်၊ စပါးလင်၊ ပတဲကော၊ ချင်း၊ ကြက်သွန်ဖြူနှင့် ငရုတ်ကောင်းများဖြစ်ပါသည်။

တောင်ငူမြို့၊ ညောင်ပင်ဈေးရှိ အသားငါးဈေးနှုန်းအခြေနေများအား လေ့လာစုံစမ်းခဲ့ရာ ၂၀၂၃ခုနှစ်၊ မတ်လ (စတုတ္ထပတ်) အတွင်း ကြက်သားတစ်ပိဿာလျှင် (ရင်အုပ်သီးသန့်) ၁၀၀၀၀ကျပ်၊ အခြမ်းလိုက်ဈေးအနေဖြင့် တစ်ပိဿာလျှင် ၉၀၀၀ကျပ်၊ ငါးကြင်းတစ်ပိဿာလျှင် ၉၀၀၀ကျပ်၊ ငါးမြင်းတစ်ပိဿာလျှင် ၈၀၀၀ကျပ်၊ ငါးကြင်းဖြူတစ်ပိဿာလျှင် အကောင်လိုက်ဈေး ၁၂၀၀၀ကျပ်၊ အမြီ
