
ကြက်ပေါင်သီးများမှာ ဥယျဉ်ခြံမြေများနှင့်တောတောင်များတွင်ပေါက်ရောက်ပြီး အသီးများရင့်လာသောအခါ ဒေသခံပြည်သူများမှခူးဆွတ်၍ ထားဝယ်မြို့၊ စည်ပင်သာယာဈေးနှင့် ရပ်ကွက်ဈေးငယ်များတွင် လာရောက်ရောင်းချကာ မိသားစုအပိုဝင်ရရှိနေကြောင်းသိရသည်။ ကြက်ပေါင်သီးများကို အသားငါးများနှင့် ရောနှောချက်စား၍သော်လည်းကောင်း၊ ပုဇွန်ငါးပိနှင့် ကြော်စား၍သော်လည်းကောင်း၊ အခြောက်လှန်း၍ ချဉ်ရည်ဟင်းချက်စားရာတွင်လည်းကောင်း အရသာကောင်းမွန် ပြီး ဆေးဖက်ဝင်ကြောင်းသိရသည်။
ကြက်ပေါင်သီးဈေးနှုန်းအနေဖြင့် ဆယ်လုံးတွဲတစ်တွဲလျှင် ၅၀၀ မှ ၆၀၀ကျပ်ဖြင့်ရောင်းချ ကြောင်းဈေးရှိ ကုန်စိမ်းရောင်းချသူတစ်ဦးထံမှ သိရှိရပါသည်။
DOCA(တနင်္သာရီ)