Main menu

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့ရှိ ဖရဲသီးဈေးနှုန်း

Powered by Drupal

         ထားဝယ်မြို့၊ ဗျောတောဝရပ်၊ အာဇာနည်လမ်းဘေးဆိုင်များတွင် ရာသီစာဖရဲသီးများကို စတင်ရောင်းချလျက်ရှိပြီး၊ ရန်ကုန်နှင့်မန္တလေးမြို့ပေါ်ရှိ သစ်သီးပွဲရုံများမှမှာယူ၍ ပြန်လည်ရောင်း ချကြောင်း သိရသည်။ ဖရဲသီးသည်  အရည်ရွှမ်းပြီးချိုသောကြောင့်  သရေစာအဖြစ်လည်းကောင်း၊ အဖျော်ရည်ဆိုင်များမှလည်း ဖရဲသီးဖျော်ရည်ပြုလုပ်၍လည်းကောင်း၊ ဖရဲသီးကိုစိပ်၍သော်လည်း ကောင်းရောင်းချလျက်ရှိရာ ဝယ်ယူစားသုံးသူများ များပြားလျက်ရှိကြောင်းသိရသည်။

           ဖရဲသီးအသေးတစ်လုံးလျှင် (၅၀၀၀) ကျပ်၊ အကြီးတစ်လုံးလျှင် (၆၀၀၀) ကျပ်ဖြင့် ရောင်းချကြောင်း၊ လူကြီးလူငယ်မရွေးကြိုက် နှစ်သက်သောကြောင့် ရောင်းအားကောင်းကြောင်း ရောင်းချလျက်ရှိသောဖရဲသီးဆိုင်မှ သိရှိရပါသည်။

DOCA(တနင်္သာရီ)