ပြည်တွင်းကုန်သွယ်မှုသတင်းများ
တောင်ငူမြို့၊ ညောင်ပင်ဈေးတွင် ခရမ်းချဉ်သီး(အချိုသီး)မှာ ယခင်ဩဂုတ်လ၊ နောက်ဆုံးအပတ်တွင် တစ်ပိဿာလျှင် (၁၆၀၀)ကျပ်မှ (၂၀၀၀)ကျပ်အထိရှိခဲ့ရာမှ ယခုစက်တင်ဘာလ၊ဒုတိယအပတ်တွင် တစ်ပိဿာလျှင် (၁၀၀၀)ကျပ်မှ (၁၅၀၀)ကျပ်အထိဖြင့် ဈေးနှုန်း ၅၀၀ကျပ်၊ ခရမ်းချဉ်သီး (အချဉ်သီး)မှာ ယခင်ဩဂုတ်လတွင် တစ်ပိဿာလျှင် (၂၅၀၀)ကျပ်မှ (၃၀၀၀)ကျပ်အထိရှိခဲ့ရာမှ
![](http://www.doca.gov.mm/sites/default/files/styles/trade_image_560x280_/public/၁၀၈_6.jpg?itok=IpEZ3W-1)
တောင်ငူမြို့၊ ညောင်ပင်ဈေးရှိ ဟင်းသီးဟင်းရွက်အရောင်းဆိုင်များတွင် ငရုတ်သီးစိမ်း (ကုလားအော်သီး) မှာ ယခင်ဩဂုတ်လ၊ နောက်ဆုံးအပတ်တွင် တစ်ပိဿာလျှင် ၁၈၀၀၀ကျပ်မှ ၂၀၀၀၀ကျပ်အထိရှိခဲ့ရာမှ ယခုစက်တင်ဘာလ၊ ဒုတိယအပတ်တွင် တစ်ပိဿာလျှင် ၁၀၀၀၀ကျပ်မှ ၁၂၀၀၀ကျပ်အထိဈေးနှုန်းရှိသဖြင့် တစ်ပိဿာလျှင် ၈၀၀၀ကျပ်ဈေးနှုန်းကျဆင်းလာပါသည်။
![](http://www.doca.gov.mm/sites/default/files/styles/trade_image_560x280_/public/၁၀၇_5.jpg?itok=rVx1V20n)
မြန်မာလူမျိုးတို့သည် မိမိတို့အိမ်များတွင်လည်းကောင်း၊ ဘုရားကျောင်းကန်များတွင်လည်းကောင်း ဘုရားပန်းများကို ဝေဝေဆာဆာကပ်လှူကြသဖြင့် သပြေစိုက်သူများ ရောင်းအားကောင်းလျက်ရှိကြောင်းသိရပါသည်။ အိမ်ခြံဝင်းများထဲတွင် တစ်နိုင်တစ်ပိုင်စိုက်ပျိုးကြသူများပြီး စီးပွားဖြစ်စိုက်ပျိုးသူများလည်းရှိပါသည်။
![](http://www.doca.gov.mm/sites/default/files/styles/trade_image_560x280_/public/၁၀၆_6.jpg?itok=qmCjH3KT)
တောင်ငူမြို့တွင် မွေးမြူရေးငါးများဖြစ်သော ငါးကြင်းမှာ တစ်ပိဿာလျှင် ၁၄၀၀၀ကျပ်မှ ၁၆၀၀၀ကျပ်ဖြင့် ဈေးနှုန်းတည်ငြိမ်နေပြီး ငါးကြင်းဖြူမှာ တစ်ပိဿာလျှင် ယခင်ဩဂုတ်လနောက်ဆုံးပတ်က ၂၀၀၀၀ကျပ်ရှိခဲ့ရာမှ ယခုစက်တင်ဘာလ၊ ဒုတိယအပတ်တွင် တစ်ပိဿာလျှင် ၂၂၀၀၀ကျပ်ဖြင့် ဈေးနှုန်း ၂၀၀၀ကျပ်ခန့်ဖြင့် ဈေးနှုန်းမြင့်တက်လျက်ရှိပါသည်။
![](http://www.doca.gov.mm/sites/default/files/styles/trade_image_560x280_/public/၁၀၅_7.jpg?itok=e7plu6b_)
တောင်ငူမြို့တွင် အာလူးဈေးမှာ ယခင်ဩဂုတ်လဝက်ခန့်က တစ်ပိဿာလျှင် အသေး ၃၈၀၀ကျပ်၊ အလတ် ၄၀၀၀ကျပ်နှင့် အကြီး ၄၅၀၀ကျပ်ရှိခဲ့ရာမှ ယခုစက်တင်ဘာလ၊ ဒုတိယအပတ်တွင် တစ်ပိဿာလျှင် အသေး ၃၀၀၀ကျပ်၊ အလတ် ၃၅၀၀ကျပ်နှင့် အကြီး ၄၀၀၀ကျပ်ရှိသဖြင့် တစ်ပိဿာလျှင် ၅၀၀ကျပ်မှ ၈၀၀ကျပ်အထိဈေးနှုန်းကျဆင်းလာပါသည်။
![](http://www.doca.gov.mm/sites/default/files/styles/trade_image_560x280_/public/၁၀၄_7.jpg?itok=JDoZmVDB)