
မြင်းခြံမြို့၊ အေးမြသီတာဈေးတွင်ရောင်းချနေသော ငါးကြင်းခြစ်အသားများကို ရန်ကုန်မြို့ရှိ ကြည့်မြင်တိုင်ဈေးမှ တင်သွင်းရောင်းချကြောင်း၊ ၂၀၂၅ခုနှစ်၊ နိုဝင်ဘာလတွင် ငါးကြင်းခြစ်အသား (၂၅)ကျပ်သားလျှင်(၇၇၀၀)ကျပ်၊ တစ်ပိသာလျှင်(၃၀၀၀၀)ကျပ်ခန့် ပေါက်ဈေးများဖြင့် ရောင်းချ လျက်ရှိကြောင်း၊ ငါးကြင်းခြစ်အသားများသည် အရိုးမပါသောကြောင့် ဈေးကွက်တွင် လူမျိုးဘာသာ မရွေးစားသုံးမှုများပြားပြီး အရောင်းအဝယ်သွက်လျက်ရှိကြောင်း၊ နေ့စဉ် ငါးကြင်းခြစ်အသား (၁၀-၂၀)ပိဿာခန့် ရောင်းချရကြောင်း ငါးပုစွန်ရောင်းဝယ်ရေးဆိုင်များမှ သိရှိရသည်။ ငါးကြင်းခြစ်အသားသည် ပရိုတင်းဓာတ်ကြွယ်ဝစွာပါဝင်သောကြောင့် သွေးသားသန့် စင်ခြင်း၊ ကြွက်သားဖွဲ့စည်းမှု အားကောင်း၍ ကိုယ်ခံအားမြှင့်တင်ပေးခြင်း၊ အိုမီဂါ-3(အဆီဓာတ်) များကြွယ်ဝစွာပါဝင်သောကြောင့်နှလုံးကျန်းမာရေး၊ဦးနှောက်ဖွံဖြိုးမှုနှင့်သံဓာတ်စသည့်အာဟာရဓာတ်များ ပါဝင်သောကြောင့် အရိုးမပါသောအသားစ ငါးကြင်းခြစ်များသည် ဈေးကွက်၌ တွင်တွင်ကျယ်ကျယ်ရောင်းဝယ် လျက်ရှိကြောင်းသိရှိရသည်။
DOCA(မန္တလေး)
