
မြင်းခြံမြို့နယ် ဆောင်းကုလားပဲ စိုက်ပျိုးဧက (၂၄၀၀)ဧကရှိပြီး ဆောင်းရာသီစတင် ဝင်ရောက်လာသည်နှင့် တစ်ပြိုင်နက် ကုလားပဲရွက်များလည်း ဝေဆာလာပြီဖြစ်သည်။ မြင်းခြံမြို့ အေးမြသီတာဈေးသို့ ကုလားပဲရွက်များ စတင်ရောင်းချနေပြီဖြစ်ရာ ကုလားပဲရွက် (၁၀)ကျပ်သားလျှင် (၁၅၀၀)ကျပ်ဖြင့် သမုန်းကိုင်း၊ဘောလုံး၊ စသည့် ကျေးရွာများမှ ကိုယ်တိုင်လာရောက်ရောင်းချခြင်း၊ ဈေးသို့ဖောက်သည်ပေးရောင်းချခြင်းများ ရှိကြောင်း သိရသည်။ ရာသီစာ ပေါ်ဦးပေါ်ဖျား ကုလားပဲရွက်ကို လူအများကြိုက်နှစ်သက်ကြောင်း၊ ဟင်းချိုပူပူချက်ပြုတ် စားသောက်ခြင်း၊ ကုလားပဲရွက ငါးပိချက် ချက်စားခြင်း၊ ကုလားပဲရွက် မြေပဲထောင်း၊ဆီချက်ဖြင့် အသုပ်သုပ်စားခြင်းများကြောင့် စားသုံးမှုများ၍ ရောင်းအားကောင်းကြောင်း သိရသည်။
DOCA(မန္တလေး)
