ပြည်တွင်းကုန်သွယ်မှုသတင်းများ
၂၀၂၄ ခုနှစ်၊ ဆောင်းရာသီတွင် ကရင်ပြည်နယ်ဒေသထွက် ခရမ်းချဉ်သီးကို ဘားအံမြို့ အနီးတစ်ဝိုက်ရှိကျေးရွာများရှိ ဒေသခံတောင်သူများက စီးပွားဖြစ်စိုက်ပျိုးကြတလို အပိုဝင်ငွေရရှိရန် အတွက်လည်း တစ်နိုင်တစ်ပိုင် စိုက်ပျိုးကြပြီး ဘားအံမြို့ပေါ်ဈေးသို့ လာရောက်ရောင်းချကြကြောင်း သိရသည်။
ကရင်ပြည်နယ်၊ ဘားအံမြို့၏ ဈေးကွက်တွင် ဘူးသီးများ ဈေးကောင်းရလျက်ရှိကြောင်း သိရပါသည်။ ဘူးသီးကို ဘားအံမြို့အနီး တဝိုက်ကျေးရွာများတွင် တစ်နိုင်တစ်ပိုင် စိုက်ပျိုးကြသည့် အပြင် စီးပွားဖြစ်လည်း စိုက်ပျိုးကြပါသည်။ ဘူးသီးကို ဟင်းနှင့်ဟင်းချိုအဖြစ် ချက်ပြုတ်စားကြသလို အကြော်ဆိုင်များတွင်အကြော်ကြော်၍ ရောင်းချကြသောကြောင့် ဝယ်ယူမှုများပြီး
၂၀၂၄ ခုနှစ်၊ ဆောင်းရာသီတွင် ကရင်ပြည်နယ်ဒေသထွက် ကြက်ဟင်းခါးသီးကို ဘားအံမြို့ အနီးတစ်ဝိုက်ရှိကျေးရွာများရှိ ဒေသခံတောင်သူများက စီးပွားဖြစ်စိုက်ပျိုးကြသလို အပိုဝင်ငွေရရှိရန် အတွက်လည်း တစ်နိုင်တစ်ပိုင် စိုက်ပျိုးကြပြီး ဘားအံမြို့ပေါ်ဈေးသို့ လာရောက်ရောင်းချကြကြောင်း သိရသည်။
မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်တွင် စိုက်ပျိုးရေးကိုအဓိကထား၍ စီးပွားဖြစ်စိုက်ပျိုးလုပ်ကိုင်ကြရာ ယခုနှစ်၌ ရာသီမရွေးစိုက်ပျိုးနိုင်သော ကြက်ဟင်းခါးသီးများ စျေးကောင်းရရှိ၍ စိုက်ပျိုးသူများလာကြောင်း ကလိုင်းကနိုင်ကျေးရွာမှ တောင်သူဦးဇော်လင်းထံမှသိရသည်။
တနင်္သာရီတိုင်းဒေသကြီးမှ ထွက်ရှိသော ငါးမုန့်များ၏ အရသာထူးကဲကောင်းမွန်မှုသည် မြန်မာနိုင်ငံအနှံ့အပြားစားသုံးသူပြည်သူအများအပြား လက်ခံလျက်ရှိပါသည်။ အရာသာကောင်းမွန်သော ငါးမုန့်များအဖြစ် ထုတ်လုပ်ရောင်းချနိုင်ရန် အတွက် ငါးအမျိုးအစားသည် အလွန်ပင် အရေးကြီးလှပါသည်။ တနင်္သာရီတိုင်းဒေသကြီးရှိ ငါးမုန့်လုပ်ငန်းအများစုသည် ငါးကွန်းရှပ်(ဒေ